Connect with us

Media

ပါကစ္စတန်နိုင်ငံက ဆိုင်ကလုန်းမုန်တိုင်း ဘီပါဂျွိုင်းကြောင့် ဒေသခံ ၁၀၀,၀၀၀ ခန့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

အစ္စလာမ်မာဘတ်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံသည် ဆိုင်ကလုန်းမုန်တိုင်း ဘီပါဂျွိုင်း (Biparjoy) ဝင်ရောက်မှုကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ကမ်းရိုးတန်းဒေသ၌ နေထိုင်သူများကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းရေး ကြိုးပမ်းအားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် လူဦးရေ ၁၀၀,၀၀၀ ခန့်ကို ရွှေ့ပြောင်းပေးခဲ့ကြောင်း အမျိုးသား သဘာဝဘေးစီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ (NDMA) ဥက္ကဋ္ဌ Inam Haider Malik က ပြောခဲ့သည်။

ထိုသို့ရွှေ့ပြောင်းမှုသည် ဇွန် ၁၅ ရက် အစောပိုင်း၌ ပြီးစီးမည်ဖြစ်ကာ ယင်းနေ့တွင် ပါကစ္စတန်နိုင်ငံ တောင်ပိုင်း Sindh ပြည်နယ်မြို့တော် ကရာချိ အပါအဝင် ကမ်းရိုးတန်းဒေသများသို့ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း NDMA ဥက္ကဋ္ဌက ဇွန် ၁၃ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ ပြင်းထန်မှုသည် မြင့်တက်လာကာ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအခြေအနေအဖြစ် ကြေညာထားပြီးဖြစ်ကြောင်းနှင့် မုန်တိုင်းသက်ရောက်မှုများနှင့် ရာသီဥတုကြောင့် ပျက်စီးဆုံးရှုံးမှုများကို ထိန်းချုပ်ရန် စီမံဆောင်ရွက်မှုများကိုလည်း ပြုလုပ်လျက်ရှိကြောင်း Malik က ဆိုသည်။ (Xinhua)

…………………………….
(English Version)
Pakistan to evacuate around 100,000 as Cyclone Biparjoy intensifies
ISLAMABAD, June 14 (Xinhua) — Pakistan will evacuate around 100,000 people as part of its efforts to ensure the safety of those living in the country’s coastal area ahead of Cyclone Biparjoy, according to National Disaster Management Authority (NDMA) chairman Inam Haider Malik.
The evacuations will be completed by early Thursday, the day the cyclone is expected to hit Pakistan’s southern coastal areas, including Karachi, the provincial capital of Sindh, the NDMA chairman said while addressing a press conference on Tuesday.
Malik said the cyclone’s intensity has increased and has been declared from a severe to a very severe cyclonic emergency, adding that measures are underway to control the storm’s effects and weather damage.