Connect with us

Asia

တရုတ်ရေတပ်လေ့ကျင့်ရေးသင်္ဘော Qi Jiguang ဖိလစ်ပိုင်နိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိ

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ South Harbor ဆိပ်ကမ်းသို့ ရောက်ရှိလာသော တရုတ်ရေတပ်လေ့ကျင့်ရေးသင်္ဘော Qi Jiguang အား ကြိုဆိုနေကြသော ပြည်သူများကို ၂၀၂၃ ခုနှစ်၊ ဇွန် ၁၄ ရက် ကတွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

ဗိုလ်လောင်းလေ့ကျင့်ရေးနှင့် ပင်လယ်ပြင်အတွင်း မစ်ရှင်သွားရောက်သော တရုတ်ရေတပ်လေ့ကျင့်ရေးသင်္ဘော Qi Jiguang (Hull 83) သည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၊ South Harbor ဆိပ်ကမ်းသို့ ဇွန်၁၄ ရက် နံနက်ပိုင်းက ရောက်ရှိလာခဲ့ကာ သုံးရက်တာချစ်ကြည်ရေးခရီးစဉ်စတင်လိုက်ပြီဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Huang Xilian၊ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်စစ်သံမှူး Li Jianzhong၊ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ဝန်ထမ်းများ၊ တရုတ်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဒေသတွင်း တရုတ်အသင်းအဖွဲ့များနှင့် တရုတ်ကျောင်းသားများ အပြင်၊ ဖိလစ်ပိုင် ရေတပ်မှ တာဝန်ရှိသူ များအပါအဝင် လူဦးရေ ၃၀၀ ကျော်က တရုတ်ရေတပ်သင်္ဘော Qi Jiguang အား ဆိပ်ကမ်းတွင် ကြိုဆိုခဲ့ကြကြောင်း သိရသည်။

ဖိလစ်ပိုင်ခရီးစဉ်အတွင်း သင်္ဘောတွင် လိုက်ပါလာသည့် တပ်မှူးများက ဖိလစ်ပိုင်ရေတပ်ဦးစီးချုပ်နှင့် ဖိလစ်ပိုင်အမျိုးသားကာကွယ်ရေးဌာနမှ တာဝန်ရှိသူများအား ဂါရဝပြုနှုတ်ခွန်းဆက်ကြပြီး ဖိလစ်ပိုင်ရေတပ်မှ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ကြသည်။

တရုတ်ရေတပ်သင်္ဘောဝန်ထမ်းများသည် ဖိလစ်ပိုင်ရေတပ်သင်္ဘောများသို့ သွားရောက်ကာ ဖိလစ်ပိုင်ရေတပ်အရာရှိများနှင့် ချစ်ကြည်ရင်းနှီးစွာ ယဉ်ကျေးမှုနှင့် အားကစားလှုပ်ရှားမှုများ ပြုလုပ်ကြမည်ဖြစ်သည်။

အဆိုပါခရီးစဉ်သည် Qi Jiguang သင်္ဘောအနေဖြင့် ဖိလစ်ပိုင်နိုင်ငံသို့ ပထမဆုံးလာရောက်လည်ပတ်ခြင်းဖြစ်သည်။
တရုတ်ရေတပ်သင်္ဘောဆိပ်ကမ်း၌ ရှိနေစဉ်အတွင်း သင်္ဘောပေါ်သို့ အများပြည်သူအား လာရောက်ခွင့်ပြုသွားမည်ဖြစ်သည်။ (Xinhua)

…………………………………
(English Version)
Chinese naval training ship Qi Jiguang arrives in Philippines for goodwill visit
MANILA, June 15 (Xinhua) — Chinese naval training ship Qi Jiguang (Hull 83), which is on a cadet training and visit mission in far seas, arrived at South Harbor in Manila on Wednesday morning, starting a three-day goodwill visit to the Philippines.
More than 300 people, including Chinese Ambassador to the Philippines Huang Xilian, defense attache to the Philippines Li Jianzhong, staff of the Chinese Embassy in the Philippines, representatives of Chinese companies, local Chinese associations and Chinese students, as well as representatives of the Philippine Navy, welcomed ship Qi Jiguang at the port.
During the visit to the Philippines, the ship commanders will pay a courtesy call to the commander of the Philippine Navy and officials of the Philippine Department of National Defense, and attend a welcome dinner hosted by the Philippine Navy.
The Chinese crew members will visit the Philippines’ naval vessels and hold friendly cultural and sports activities with Philippine navy officers.
This is the first visit to the Philippines by ship Qi Jiguang. During its stay, the ship will open to the public.
People welcome the arrival of Chinese naval training ship Qi Jiguang at South Harbor in Manila, the Philippines, June 14, 2023. (Xinhua)