Connect with us

Media

ကမ္ဘောဒီးယားနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှုမှာ ၂၀၂၅ ခုနှစ်တွင် ကပ်ရောဂါမတိုင်မီအဆင့်ကို ကျော်လွန်နိုင်ဟုဆို

ဖနွမ်းပင်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားဧည့်သည်ဝင်ရောက်မှုပမာဏမှာ ၂၀၂၅ ခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီအဆင့်ထက် ကျော်လွန်နိုင်မည်ဟု ခန့်မှန်းထားကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး Thong Khon က ဇွန် ၂၁ ရက်၌ ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ် ပထမငါးလအတွင်း ပြည်ပဧည့်သည် ၂.၁၆ သန်းခန့် ဝင်ရောက်ခဲ့ကာ ယမန်နှစ် အလားတူကာလကထက် ၅၃၀ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ဖနွမ်းပင်မြို့တွင် နှစ်နှစ်လျှင် တစ်ကြိမ်ကျင်းပသော ကွန်ဖရင့်၌ Khon က ပြောခဲ့သည်။

“ဒီကိန်းဂဏန်းတွေကို အခြေခံပြီးတော့ ကျွန်တော်တို့အနေနဲ့ ၂၀၂၃ ခုနှစ်မှာ ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၄.၆ သန်းနဲ့ ၂၀၂၅ ခုနှစ် သို့မဟုတ် ၂၀၂၆ ခုနှစ်မှာ ၇ သန်းအထိ ဝင်ရောက်မယ်လို့ မှန်းထားပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ကပ်ရောဂါမတိုင်မီကာလ ၂၀၁၉ ခုနှစ်တွင် နိုင်ငံတကာခရီးသွားဧည့်သည် ၆.၆ သန်း ဝင်ရောက်ခဲ့ကာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၄.၉၂ ဘီလီယံ ရရှိခဲ့ကြောင်း သိရသည်။
“ခရီးသွားလုပ်ငန်းကဏ္ဍပြန်လည်ကောင်းမွန်လာတာက ကျွန်တော်တို့နိုင်ငံရဲ့ ကပ်ရောဂါအလွန် စီးပွားရေးတိုးတက်မှုကို အဓိကပံ့ပိုးပေးနေပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ယခုနှစ်ဆန်းပိုင်းက တရုတ်နိုင်ငံ၏ ပြန်လည်ဖွင့်လှစ်မှုက ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားလုပ်ငန်း တိုးတက်မှုကို ကောင်းမွန်သော တွန်းအားများ ဖြည့်တင်းပေးလျက်ရှိကြောင်း Khon က ဆင်ဟွာသတင်းဌာနှင့် မကြာသေးမီက တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

“ဒီနှစ်မှာ တရုတ်ခရီးသွားဧည့်သည် ၈၀၀,၀၀၀ ကနေ ၁ သန်းကြား ဝင်ရောက်နိုင်မယ်လို့ မှန်းထားပါတယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)

………………………………
(English Version)
Int’l tourists to Cambodia expected to surpass pre-pandemic level in 2025: minister
PHNOM PENH, June 21 (Xinhua) — The number of international tourists to Cambodia is predicted to surpass the pre-COVID-19 pandemic level in 2025, the country’s Tourism Minister Thong Khon said on Wednesday.
Speaking at a bi-annual conference of the Ministry of Tourism in Phnom Penh, Khon said the kingdom received some 2.16 million foreign visitors during the first five months of 2023, a year-on-year increase of 530 percent.
“Based on this figure, we hope to receive up to 4.6 million international tourists in 2023 and 7 million in 2025 or 2026,” he said.
In the pre-pandemic era, the Southeast Asian country recorded 6.6 million international tourists in 2019, generating 4.92 billion U.S. dollars in revenue.
“The recovery of the tourism sector has importantly contributed to our country’s post-pandemic economic growth,” he added.
In a recent interview with Xinhua, Khon said China’s reopening earlier this year has injected fresh impetus into Cambodia’s tourism growth.
“This year, we hope to attract between 800,000 and 1 million Chinese tourists,” he said.