Connect with us

Media

နျူကလီးယား ရေဆိုးများ ပင်လယ်တွင်းသို့ စွန့်ထုတ်မည့် ဂျပန်နိုင်ငံ၏ စီစဉ်မှုက ကမ္ဘာတစ်ဝန်းကို ရိုက်ခတ်မှုရှိခဲ့

တိုကျို၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံသည် ပြည်တွင်းပြည်ပ ပြင်းထန်စွာ ကန့်ကွက်နေသော်ငြားလည်း ဖူကူရှီးမားဒိုင်အိချိနျူကလီးယားစက်ရုံမှ ရေဒီယိုသတ္တိကြွရေဆိုးများကို ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ စွန့်ပစ်ရန် အလောသုံးဆယ် စီစဉ်နေမှုက နိုင်ငံတကာ အသိုက်အဝန်းကို ဒေါသထွက်စေခဲ့သည်။

နျူကလီးယား ရေဆိုးများကို ပစိဖိတ် သမုဒ္ဒရာအတွင်းသို့ စွန့်ထုတ်ရန် Tokyo Electric Power Company(TEPCO)သည် ဇွန် ၁၂ ရက်မှစ၍ စက်ကိရိယာများကို စတင် စမ်းသပ်ခဲ့သည်။ ထိုစမ်းသပ်မှုက ဇွန် ၂၆ ရက်တွင် ပြီးဆုံးမည်ဟု ခန့်မှန်းထားရာ ဂျပန်အစိုးရ ဦးဆောင်သော နျူကလီးယားရေဆိုး စွန့်ထုတ်မည့်အချိန်မှာ ရောက်ရှိလာတော့မည် ဖြစ်သည်။

ဇွန် ၂၀ ရက်တွင် ဂျပန်ပြည်သူ ၁၀၀ နီးပါးက ဖူကူရှီးမား ခရိုင်အစိုးရရုံးရှေ့တွင် စုဝေး၍ ရေဆိုးစွန့်ထုတ်မည့်အစီအစဉ်ကို ပြင်းထန်စွာ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ဖူကူရှီးမားဒိုင်အိချိနျူကလီးယား ဓာတ်အားပေး စက်ရုံသည် ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်တွင် ပြင်းအားအဆင့် ၉ ရှိ အင်အားပြင်းငလျင်လှုပ်ခတ်မှုနှင့် ဆူနာမီဖြစ်ပွားခြင်းကြောင့် ရေဒီယိုသတ္တိကြွရေဆိုးများယိုစိမ့်မှုဖြစ်ပွားခဲ့ရာ နျုကလီးယား မတော်တဆ ဖြစ်မှု နိုင်ငံတကာ စံနှုန်း အရေးပေါ် အခြေအနေအဆင့်(INES)၏ အမြင့်ဆုံး အဆင့် ၇ အထိ ဖြစ်ပွါးခဲ့သည်။

ဂျပန်အစိုးရက ရေဆိုးများ ပင်လယ်အတွင်းသို့ စွန့်ထုတ်မည့် အငြင်းပွားဖွယ် အစီအစဉ်ကို ၂၀၂၁ ခုနှစ် ဧပြီလတွင် ကြေညာခဲ့ခြင်းဖြစ်သည်။ (Xinhua)

……………………………………
(English Version)
Japan’s plan to dump nuke-contaminated water into sea sparks huge outcry worldwide
Despite ongoing opposition from both home and abroad, Japan has been rushing to carry out its plan of dumping radioactive wastewater from the crippled Fukushima Daiichi nuclear power plant into the Pacific Ocean, raising growing anger among the global community.
Tokyo Electric Power Company (TEPCO), the plant’s operator, began trialing the equipment for discharging the nuclear-contaminated water into the Pacific Ocean on June 12. The test run of the discharge facility is expected to finish on June 26. The nuclear wastewater release led by the Japanese government seems to have entered the countdown.
Nearly 100 Japanese people rallied on Tuesday outside the Fukushima Prefectural Government Office to voice their strong opposition to the dumping plan.
Hit by a magnitude-9.0 earthquake and an ensuing tsunami on March 11, 2011, the Fukushima Daiichi nuclear power plant suffered core meltdowns that released radiation, resulting in a level-7 nuclear accident, the highest on the International Nuclear and Radiological Event Scale.
In April 2021, the Japanese government announced its controversial plan to release wastewater into the Pacific Ocean.