Connect with us

China

တရုတ်နိုင်ငံ ရှင်းကျန်းဒေသတွင် ငါးဖမ်းရာသီသစ်စတင်ခြင်း ငါးဖမ်းပွဲတော်ကျင်းပ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေါဟူခရိုင် ပေါစစ်ထန်ရေကန် ဖွင့်ပွဲရာသီ၌ ၁၆ ကြိမ်မြောက် ငါးဖမ်းပွဲတော်အတွင်း တင်ဆက်ဖျော်ဖြေနေသူကို ၂၀၂၃ ခုနှစ် ဇွန် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှင်းကျန်း၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေါဟူခရိုင် ပေါစစ်ထန်ရေကန်တွင် ငါးဖမ်းရာသီသစ် စတင်ရန် ဇွန် ၂၃ ရက်က ငါးဖမ်းပွဲတော် ကျင်းပခဲ့သည်။ နွေနှောင်းကာလနှင့် ဆောင်းဦးရာသီတို့သည် ပေါစစ်ထန်ရေကန်အတွင်း ငါးဖမ်းရာသီများဖြစ်ကြသည်။ ရှင်းကျန်းဒေသ အလယ်ပိုင်းတွင် တည်ရှိသော ပေါစစ်ထန်ရေကန်သည် တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်းတွင်းရေချိုကန်ဖြစ်ကာ ရှင်းကျန်းဒေသ၌ အကြီးဆုံး ငါးဖမ်းလုပ်ငန်းအခြေစိုက်စခန်းတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေါဟူခရိုင် ပေါစစ်ထန်ရေကန်တွင် ပိုက်ကွန်ဖြင့် ငါးဖမ်းနေသူများကို ၂၀၂၃ ခုနှစ် ဇွန် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေါဟူခရိုင် ပေါစစ်ထန်ရေကန် ဖွင့်ပွဲရာသီ၌ ၁၆ ကြိမ်မြောက် ငါးဖမ်းပွဲတော်အတွင်း ရေဖြင့်စတန့်ပြကွက် တင်ဆက်ပြသနေသူများကို ၂၀၂၃ ခုနှစ် ဇွန် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေါဟူခရိုင် ပေါစစ်ထန်ရေကန် ဖွင့်ပွဲရာသီ၌ ၁၆ ကြိမ်မြောက် ငါးဖမ်းပွဲတော် အခမ်းအနားကျင်းပနေသည်ကို ၂၀၂၃ ခုနှစ် ဇွန် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေါဟူခရိုင် ပေါစစ်ထန်ရေကန်တွင် ငါးဖမ်းသမားတစ်ဦးက အသစ်ဖမ်းမိသောငါးအား ပြသနေသည်ကို ၂၀၂၃ ခုနှစ် ဇွန် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………………
(English Version)
Fishing festival held in Xinjiang to greet new fishing season
Photo 1: A performance is staged during the 16th Fishing Festival in the Open Season of Bosten Lake in Bohu County, northwest China’s Xinjiang Uygur Autonomous Region, June 23, 2023.
The fishing festival was held here on Friday to greet the new fishing season. Late summer and autumn are the harvesting seasons for fishing in Bosten Lake. Located in the central part of Xinjiang, Bosten Lake is the country’s largest inland freshwater lake and it is the biggest fishery base in Xinjiang. (Xinhua/Zhang Xiaocheng)
Photo 2: Fishermen catch fish using a net at the Bosten Lake in Bohu County, northwest China’s Xinjiang Uygur Autonomous Region, June 23, 2023. (Xinhua/Zhang Xiaocheng)
Photo 3: A water stunt show is staged during the 16th Fishing Festival in the Open Season of Bosten Lake in Bohu County, northwest China’s Xinjiang Uygur Autonomous Region, June 23, 2023. (Xinhua/Zhang Xiaocheng)
Photo 4: A ceremony is held during the 16th Fishing Festival in the Open Season of Bosten Lake in Bohu County, northwest China’s Xinjiang Uygur Autonomous Region, June 23, 2023. (Xinhua/Zhang Xiaocheng)
Photo 5: A fisherman displays a newly-caught fish at the Bosten Lake in Bohu County, northwest China’s Xinjiang Uygur Autonomous Region, June 23, 2023. (Xinhua/Zhang Xiaocheng)