Connect with us

Videos

တရုတ်ထိပ်တန်းသံတမန်က ထိုင်းမင်းသမီး သီရိဒုံကို လက်ခံတွေ့ဆုံ

ပေကျင်း၊ ဇွန် ၈ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် ထိုင်းနိုင်ငံ မင်းသမီး မဟာချက္ကရီသီရိဒုံကို ပေကျင်းမြို့တော်၌ ဇွန် ၆ ရက်က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ဝမ်ရိက မင်းသမီး သီရိဒုံ၏ အကြိမ် ၅၀ မြောက် တရုတ်နိုင်ငံသို့ ခရီးစဉ်ကို ကြိုဆိုခဲ့ပြီး နှစ်နိုင်ငံ ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှုများနှင့် ချစ်ကြည်ရေး အဆင့်မြှင့်တင်ရန် မင်းသမီး၏ အရေးပါသော ကူညီပံ့ပိုးပေးမှုများအပေါ် ချီးကျူးပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့်အတူ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံမှု နက်ရှိုင်းမှုရှိစေရေးနှင့် တရုတ်-ထိုင်း ကံကြမ္မာအကျိုးတူအသိုက်အဝန်း၏ ဆိုလိုရင်း ကြွယ်ဝမှုရှိစေရေး အတူတကွဆောင်ရွက်ရန် အသင့်ရှိကြောင်း ဝမ်က ပြောခဲ့သည်။

ထိုင်းမင်းသမီး သီရိဒုံကလည်း တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရန် အခွင့်အလမ်းများပိုမိုရရှိရန်၊ တရုတ်နိုင်ငံအကြောင်း ပိုမိုလေ့လာနိုင်ရန်နှင့် ထိုင်း-တရုတ် ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရန် ကူညီရန် မျှော်လင့်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ (Xinhua)

——————————

Senior Chinese diplomat meets Thai Princess Sirindhorn
BEIJING, June 6 (Xinhua) — Wang Yi, director of the Office of the Foreign Affairs Commission of the Communist Party of China Central Committee, met with Princess Maha Chakri Sirindhorn of the Kingdom of Thailand on Tuesday in Beijing.
Wang welcomed Princess Sirindhorn on her 50th visit to China, lauding her essential contributions to enhancing people-to-people exchanges and friendship between the two countries.
Wang said China is ready to work with Thailand to deepen their comprehensive strategic cooperative partnership and enrich the connotation of the China-Thailand community with a shared future.
Princess Sirindhorn said she looks forward to having more opportunities to visit China, learn more about China, and help promote the Thailand-China friendship.