Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်သော ဒုတိယမြောက် အဝေးပြေးလမ်း စတင်ဆောက်လုပ်

ကမ္ဘောဒီးယားနိုင်ငံ ကန်ဒယ်လ်ပြည်နယ်တွင် ယင်းနိုင်ငံ၌ တရုတ်ရင်းနှီးမြှုပ်နှံထားသော ဒုတိယမြောက်အဝေးပြေးလမ်းဖြစ်သော Phnom Penh-Bavet အဝေးပြေးလမ်း တည်ဆောက်ရေးလုပ်ငန်းခွင်နေရာကို ၂၀၂၃ ခုနှစ် ဇွန် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကန်ဒယ်လ်၊ ကမ္ဘောဒီးယား၊ ဇွန် ၈ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ကမ္ဘောဒီးယားနိုင်ငံ Svay Rieng ပြည်နယ် Bavet မြို့ကို မြို့တော် ဖနွမ်းပင်နှင့် ချိတ်ဆက်ထားသော တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့်တည်ဆောက်သည့် ဒုတိယမြောက် အဝေးပြေးလမ်းကို ဇွန် ၇ ရက်၌ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။အဆိုပါ အခမ်းအနား၌ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် တက်ခ်ချို ဟွန်ဆန်နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝမ်ဝန်ထျန်းတို့က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးသို့ လူဦးရေ ၅,၀၀၀ ခန့် တက်ရောက်ခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ကန်ဒယ်လ်ပြည်နယ်တွင် ယင်းနိုင်ငံ၌ တရုတ်ရင်းနှီးမြှုပ်နှံထားသော ဒုတိယမြောက်အဝေးပြေးလမ်းဖြစ်သော Phnom Penh-Bavet အဝေးပြေးလမ်း စတင်တည်ဆောက်ရေး အခမ်းအနားအတွင်း မိန့်ခွန်းပြောကြားနေသော ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒက် တက်ခ်ချို ဟွန်ဆန်အား ၂၀၂၃ ခုနှစ် ဇွန် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ လမ်းတံတားကော်ပိုရေးရှင်းမှ အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး ၁၃၅.၁ ကီလိုမီတာရှိသော အဝေးပြေးလမ်းစီမံကိန်းကို နှစ်ပေါင်း ၅၀ ကာလ BOT (Build-Operate-Transfer) ပုံစံဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။

အဆိုပါ လေးလမ်းသွားဖရီးလမ်းစီမံကိန်းကို လေးနှစ်အတွင်း ပြီးစီးမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ “Phnom Penh-Bavet အဝေးပြေးလမ်းက ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက်အောက်မှာ ကမ္ဘောဒီးယားနဲ့ တရုတ်ကြား နောက်ထပ်ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပါတယ်။ ဒီအဝေးပြေးလမ်းက ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်ကြား ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနဲ့ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး တိုးတက်ရေး မြှင့်တင်မှုအဖြစ် ပေးစွမ်းနိုင်ပါလိမ့်မယ်” ဟု ဟွန်ဆန်က ဆိုသည်။ (Xinhua)

………………………………
Work begins on 2nd Chinese-invested expressway in Cambodia
KANDAL, Cambodia, June 8 (Xinhua) — Cambodia on Wednesday broke ground on the second Chinese-invested expressway connecting the capital Phnom Penh with Bavet City of Svay Rieng province on the border with Vietnam.
Cambodian Prime Minister Samdech Techo Hun Sen and Chinese Ambassador to Cambodia Wang Wentian presided over the ceremony here, which was attended by some 5,000 people.
Invested by the China Road and Bridge Corporation in the amount of 1.3 billion U.S. dollars, the 135.1 km expressway project will be developed in the form of BOT (Build-Operate-Transfer) with an operational period of 50 years.
The four-lane freeway project is expected to be completed in four years.
“The Phnom Penh-Bavet Expressway is another fruit of cooperation between Cambodia and China under the Belt and Road Initiative,” he said. “This expressway will give a boost to the growth of investment, trade, tourism and cross-border transportation between Cambodia and Vietnam.”
Photo 1: This aerial photo taken on June 5, 2023 shows the construction site of Phnom Penh-Bavet Expressway, the kingdom’s second Chinese-invested expressway, in Kandal province, Cambodia. (Photo by Ly Lay/Xinhua)
Photo 2: Cambodian Prime Minister Samdech Techo Hun Sen speaks during the groundbreaking ceremony for Phnom Penh-Bavet Expressway, Cambodia’s second Chinese-invested expressway, in Kandal province, Cambodia on June 7, 2023. (Photo by Ly Lay/Xinhua)