Connect with us

Videos

ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ ပုံမှန်ထက်စော၍ ကျင်းပသည့် ရွေးကောက်ပွဲတွင် ပြန်လည်ရွေးကောက်ခံရ

တာ့ရှ်ကန့် ၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ)

ဥဇဘက်ကစ္စတန်နိုင်ငံ၏ တာဝန်ထမ်းဆောင်ဆဲ သမ္မတဖြစ်သူ Shavkat Mirziyoyev သည် တတိယသက်တမ်း အတွက် အပြတ်အသတ်အနိုင်ရရှိခဲ့ကြောင်း သိရသည်။
သမ္မတသည် ဇူလိုင် ၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပုံမှန်သတ်မှတ်ထားသည့်အချိန်ထက်စော၍ ကျင်းပသည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲ ၈၇.၁ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ကြောင်း ဥဇဘက်ကစ္စတန် ရွေးကောက်ပွဲကော်မရှင်က ပြောခဲ့သည်။ဥဇဘက်ကစ္စတန်နိုင်ငံ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ ကိုယ်စားလှယ်လောင်းအနေဖြင့် သမ္မတ Mirziyoyev က စီးပွားရေး လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ရေး ၊ အစိမ်းရောင်စွမ်းအင် ၊ ကျန်းမာရေး နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး သာမက ပြည်သူများ၏ အခြေခံလွတ်လပ်ခွင့်များ ပိုမိုကာကွယ်စောင့်ရှောက်ရေး ပြုပြင်ပြောင်းလဲမှုအစီအစဉ်များကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုတွင် ကတိပြုပြောကြားခဲ့သည်။ (Xinhua)

——————————-
Uzbek president re-elected in snap election
Uzbekistan’s incumbent president, Shavkat Mirziyoyev, has overwhelmingly won a third term.
The Uzbek Central Election Commission said Monday that the president gained 87.1 percent of the vote in a snap election on Sunday.
Candidate of the Liberal Democratic Party of Uzbekistan, Mirziyoyev promised in his pre-election campaign that he would continue his reform agenda to liberalize the economy and develop green energy, education, health, and tourism, as well as to better protect people’s fundamental freedoms.
Xinhua News Agency correspondents reporting from Tashkent.(XHTV)