Connect with us

Videos

ရန်ကုန်တိုင်းဒေသကြီးတွင် အိုက်စ်(မက်သ်အဖက်တမင်း)၄၆ ကီလိုဂရမ်ဖမ်းဆီးရမိ

ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးတွင် ငွေကျပ် ၁.၁၅ ဘီလီယံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၄၆ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးစွဲမှုထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်တွင် အောင်ကျော်ထွန်း(ခ)အောင်ဟိန်း မောင်းနှင်သော မော်တော်ယာဉ်အား သတင်းအရ ဇူလိုင် ၄ ရက်၌ ရှာဖွေခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့က ကားအတွင်းမှ မူးယစ်ဆေးဝါး ၃၀ ကီလိုဂရမ် နှင့် သံသယရှိသူ၏ နေအိမ်မှ မူးယစ်ဆေးဝါး ၁၆ ကီလိုဂရမ်တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါသံသယရှိသူများ အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)