Connect with us

Videos

တူရကီနိုင်ငံ၊ Izmir ပြည်နယ်အနောက်ပိုင်းတွင် မီးလောင်မှုဖြစ်ပွား၊ ပြည်သူများအား ဘေးလွတ်ရာပို့ဆောင်

အန်ကာရာ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

ဇူလိုင် ၁၀ ရက်အစောပိုင်း၌ မီးလောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် တူရကီနိုင်ငံ၊ အနောက်ပိုင်း Izmir ပြည်နယ်ရှိ Aliaga ခရိုင်တစ်ဝိုက်ရှိ နွေရာသီအိမ်များတွင် နေထိုင်သူများအား ကုန်းကြောင်း နှင့်ရေကြောင်းမှ တစ်ဆင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားဖြစ်သော TRT က ထုတ်လွှင့်ခဲ့သည်။

စုစုပေါင်း ရဟတ်ယာဉ်ခြောက်စင်း၊ လေယာဉ်လေးစင်း၊ ရေဖျန်းစက် ၁၈ လုံးနှင့် ဆောက်လုပ်ရေးစက်ယန္တရား ငါးစီးတို့ဖြင့် မီးလောင်ကျွမ်းမှုကို တားဆီးခဲ့ရကြောင်း TRT မှ သတင်းထုတ်ပြန်ခဲ့သည်။

ထိုပြင် Izmirပြည်နယ် ၊ Menderes ခရိုင်၏သစ်တောဧရိယာတွင်လည်း အခြားမီးလောင်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့သည်ဟု TRT အရ သိရသည်။
Mugla ပြည်နယ်အနောက်တောင်ပိုင်း၊ Ortaca ခရိုင် Dalyan ဒေသတွင် တောမီးစတင်လောင်ကျွမ်းခဲ့ပြီး လတ်တလောတွင် မီးသတ်သမားများက မီးငြှိမ်းသတ်လျက်ရှိသည်ဟု TRT က ဇူလိုင် ၁၀ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။
တူရကီနိုင်ငံသည် နွေရာသီ၌ မြေထဲပင်လယ်နှင့် Aegean ဒေသများတွင် လေပြင်းတိုက်ခတ်မှုများနှင့်အတူ မြင့်မားသောအပူချိန်ကြောင့် တောမီးလောင်ကျွမ်းမှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ (Xinhua)
……………………………………
Türkiye evacuates citizens after fire breaks out in western Izmir
People residing in summer houses around Türkiye’s Aliaga district in western Izmir province are being evacuated by land and sea after a fire broke out early Monday, the state-run TRT broadcaster reported.
A total of six helicopters, four planes, 18 water sprinklers, and five construction machines are intervening in the fire, the TRT reported.
Another fire broke out in the forest area of the Menderes district of Izmir, according to the TRT.
A forest fire started in the Dalyan region of Ortaca district of southwestern Mugla province and firefighter teams are currently intervening in the fire, the TRT also reported on Monday.
Türkiye suffers wildfires in Mediterranean and Aegean regions in summer prompted by high temperatures accompanied by strong winds.
Xinhua News Agency correspondents reporting from Ankara. (XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.