Connect with us

Media

တရုတ်နိုင်ငံနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ နိုင်ငံများကြား ကုန်စည်ကုန်သွယ်မှုမှာ ပထမနှစ်ဝက်တွင် ၉.၈ ရာခိုင်နှုန်းမြင့်တက်လာ

ပေကျင်း၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက်ရှိနိုင်ငံများကြား ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း ကုန်သွယ်မှုမှာ ယမန်နှစ် အလားတူကာလထက် ၉.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သလို ယင်းကာလအတွင်း စုစုပေါင်း အလုံးစုံ ကုန်သွယ်ရေးတိုးတက်မှုထက် ပွိုင့် ၇.၇ ရာခိုင်နှုန်း ပိုမိုမြင့်မားခဲ့ကြောင်း ဇူလိုင် ၁၃ ရက် အစိုးရအချက်အလက်များအရ သိရသည်။
ယခုနှစ် ပထမနှစ်ဝက်အတွင်း ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက် နိုင်ငံများနှင့် စုစုပေါင်းကုန်စည်ကုန်သွယ်မှု ပမာဏမှာ တရုတ်နိုင်ငံ၏ သွင်းကုန်၊ ပို့ကုန်တန်ဖိုး ယွမ် ၂၀.၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂.၈ ထရီလီယံခန့်) ၏ ၃၄.၃ ရာခိုင်နှုန်းရှိကြောင်း နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး သတင်းစာရှင်းလင်းပွဲ၌ အထွေထွေအကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်သောအချက်အလက်၌ ဖော်ပြထားသည်။

ထို့ပြင် တရုတ်နိုင်ငံနှင့် ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု သဘောတူစာချုပ် အဖွဲ့ဝင်နိုင်ငံများကြား ကုန်စည်ကုန်သွယ်မှုမှာလည်း ယခင်နှစ် ကာလတူထက် ၁.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………….
(English Version)
China’s trade in goods with Belt and Road countries up 9.8 pct in H1
BEIJING, July 13 (Xinhua) — China’s trade in goods with countries along the Belt and Road jumped 9.8 percent year-on-year in the first half of 2023, 7.7 percentage points higher than the country’s overall trade growth during the same period, government data showed Thursday.
The total value of trade in goods with countries along the Belt and Road accounted for 34.3 percent of the country’s total import and export value of 20.1 trillion yuan (about 2.8 trillion U.S. dollars) registered in the first half of the year, according to data released by the General Administration of Customs at a press conference of the State Council Information Office.
The data also revealed that the value of China’s trade in goods with other members of the Regional Comprehensive Economic Partnership rose 1.5 percent year on year in the same period.
Photo: This photo taken on Dec. 7, 2022 shows the container terminal at Lianyungang Port, east China’s Jiangsu Province. (Photo by Geng Yuhe/Xinhua)