Connect with us

Media

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်းတွင် ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးဓာတ်ခွဲခန်းအား ဖျက်ဆီးကာ ပိုင်ရှင်ကို ဖမ်းဆီး

အာဖဂန် ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Jawzjan ပြည်နယ်တွင် ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးထုတ်လုပ်သည့် ဓာတ်ခွဲခန်းတစ်ခုအား ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ဖျက်ဆီးကာ ပိုင်ရှင်ဖြစ်သူကို ဖမ်းဆီးခဲ့ကြောင်း ပြည်နယ် မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး Mohammad Younus Akhundzada က ဇူလိုင် ၁၂ ရက်တွင် ပြောကြားခဲ့သည်။

“Qushtepa ခရိုင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အဲဒီနေရာကို ရှာဖွေတွေ့ရှိခဲ့ပြီးတော့ ဒီနေ့ စစ်ဆင်ရေး စတင်ခဲ့တဲ့အခါမှာ မူးယစ်ဆေးဝါးဓာတ်ခွဲခန်းက ပန်းကန်တွေ ၊ စည်ပေပါတွေ အပါအဝင် ပစ္စည်းတွေအားလုံးကို ဖျက်ဆီးခဲ့ပါတယ်။ အကုန်လုံး မီးရှို့ပစ်ခဲ့တယ်”ဟု ညွှန်ကြားရေးမှူး Mohammad Younus Akhundzada က ပြောကြားခဲ့သည်။

ထို့အတူ Samanagan ပြည်နယ် Dara-e-Suf ခရိုင်၌လည်း ဇူလိုင် ၁၁ ရက်တွင် ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးဓာတ်ခွဲခန်းတစ်ခု နှင့် ဘိန်းဖြူထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ဖျက်ဆီးခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Police destroy drug lab, arrest possessor in north Afghanistan
Police have discovered and destroyed a drug processing lab and arrested its owner in north Afghanistan’s Jawzjan province, Mohammad Younus Akhundzada, the provincial director for counter-narcotics police, said Wednesday.
SOUNDBITE (Dari): MOHAMMAD YOUNUS AKHUNDZADA, Provincial director for counter-narcotics police
“After spotting the place by security personnel of Qushtepa district we launched operations today and destroyed the drug lab with all its facilities including bowls and barrels, we set fire to all.”
Similarly, in Dara-e-Suf district of Samanagan province, police discovered and destroyed a drug lab and objects used in manufacturing heroin on Tuesday.
Xinhua News Agency correspondents reporting from Sheberghan, Afghanistan.(XHTV)