Connect with us

Media

ဇယ်လန်းစကီးနှင့် ဘိုင်ဒန်တို့ NATO ထိပ်သီးအစည်းအဝေး၌ တွေ့ဆုံ

ကိဗ်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးနှင့် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်တို့သည် လစ်သူအေးနီးယားနိုင်ငံ Vilnius မြို့၌ နေတိုး (NATO) ထိပ်သီးအစည်းအဝေးအတွင်း ဇူလိုင် ၁၂ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံက ယူကရိန်းနိုင်ငံကို အထူးသဖြင့် စစ်ရေးအကူအညီများ ပေးအပ်သည့်အတွက် ကျေးဇူးတင်ကြောင်း ဇယ်လန်းစကီးက ဘိုင်ဒန်အား ပြောကြားခဲ့သည်ဟု ယူကရိန်း သမ္မတရုံးပြန်ကြားရေးဌာနက ဖော်ပြခဲ့သည်။

ဇယ်လန်းစကီးက ရှေ့တန်း၌ နောက်ဆုံးဖြစ်ပေါ်မှုအခြေအနေများ၊ ယူကရိန်းနိုင်ငံ၏ စစ်ဆင်ရေးနှင့် မဟာဗျူဟာမြောက် အစီအစဉ်များကိုလည်း ဘိုင်ဒန်ထံ ပြောကြားခဲ့သည်ဟု ပြန်ကြားရေးဌာနက ဆိုသည်။

အမေရိကန်နိုင်ငံက ယူကရိန်းနိုင်ငံအား ပေးအပ်ခဲ့သော အကူအညီများမှာ အမေရိကန်ဒေါ်လာ ၄၃ ဘီလီယံရှိကြောင်း ဇယ်လန်းစကီး၏ ပြောကြားချက်အား ကိုးကား၍ သတင်းထုတ်ပြန်ထားသည်။

အမေရိကန်နိုင်ငံအနေဖြင့် လိုအပ်သောအရာများအားလုံးဖြင့် ယူကရိန်းအား ကူညီနိုင်ရန် လုပ်ဆောင်နိုင်သမျှကို ဆောင်ရွက်လျက်ရှိသလို ဆောင်ရွက်သွားဦးမည်ဟု အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………
(English Version)
Zelensky, Biden meet at NATO summit
KIEV, July 12 (Xinhua) — Ukrainian President Volodymyr Zelensky and U.S. President Joe Biden met on Wednesday during the NATO summit in Vilnius, Lithuania.
Zelensky expressed gratitude to Biden for the assistance, especially military assistance, that the United States has provided to Ukraine, the Ukrainian presidential press service said.
Zelensky also informed Biden of the latest developments on the frontline, and Ukrain’s operational and strategic plans, the press service said.
U.S. assistance for Ukraine has reached 43 billion U.S. dollars, Zelensky was quoted as saying.
For his part, Biden assured that the United States is doing and will do everything to help Ukraine with everything necessary, the press service said.