Connect with us

Media

တောင်ကိုရီးယားနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် သေဆုံးသူအရေအတွက် ၃၃ ဦးအထိမြင့်တက်လာခဲ့ပြီး ၁၀ ဦးပျောက်ဆုံးလျက်ရှိ

ဆိုးလ်၊ ဇူလိုင် ၁၇ရက် (ဆင်ဟွာ)

တောင်ကိုရီးယားတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သေဆုံးသူစုစုပေါင်း ၃၃ ဦးအထိ မြင့်တက်လာပြီး အခြားလူ ၁၀ ဦး ပျောက်ဆုံးနေကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက ဇူလိုင် ၁၆ ရက်တွင် ပြောကြားခဲ့သည်။

North Gyeongsang ပြည်နယ် အရှေ့တောင်ပိုင်း နှင့် Chungcheong ပြည်နယ် အလယ်ပိုင်းတွင် လူ ၃၃ ဦး သေဆုံးလျက် တွေ့ရှိရကြောင်း ဗဟိုဘေးအန္တရာယ်နှင့် ဘေးကင်းရေး တုံ့ပြန်ရေး ဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း မိုးရွာသွန်းမှု ၅၀၀ မီလီမီတာကျော် စံချိန်တင်ခဲ့သည့် ပြည်နယ်များအတွက် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားခဲ့ကြောင်း သိရသည်။

North Gyeongsang ပြည်နယ်တွင် ပျောက်ဆုံးနေသူ ၉ ဦး အပါအဝင် လူ ၁၀ ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရသည်။

ရေကြီးခြင်း၊ နေအိမ်ပြိုကျခြင်းနှင့် မြေပြိုခြင်းတို့ကြောင့် နိုင်ငံတစ်ဝန်း ထိခိုက်သေဆုံးမှုများ တိုးမြင့်လာခဲ့သည်။
Osong မြို့အလယ်ပိုင်းရှိ ရေလျှံနေသော မြေအောက်ဥမင်လိုဏ်ခေါင်းအတွင်း ပိတ်မိနေသည့် မော်တော်ယာဉ်များမှ ရုပ်အလောင်း ၇ လောင်းကို ညတွင်းချင်း ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းပြီး ပျက်စီးမှုများကြောင့် ပြည်နယ်များနှင့် မြို့ ၁၃ မြို့မှ လူဦးရေစုစုပေါင်း ၇,၈၆၆ ဦးအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးထားကြောင်း သိရသည်။ (Xinhua)

………………………….
(English Version)
Death toll from S. Korea’s torrential rains rises to 33, 10 missing
SEOUL, July 16 (Xinhua) — The Death toll from the torrential rains over the past week in South Korea rose to 33, while 10 others were missing, relevant authorities said on Sunday.
According to the central disaster and safety countermeasure headquarters, 33 people had been found dead in southeastern North Gyeongsang province and central Chungcheong province.
Heavy rain warnings were issued for the provinces, which recorded accumulated precipitation of more than 500 mm for the past week.
Ten people remained unaccounted for, including nine missing in the North Gyeongsang province.
Flooding, housing collapses and landslides increased the casualties across the country.
Seven bodies were recovered overnight from vehicles trapped in a flooded underground tunnel in the central town of Osong.
A total of 7,866 people from 13 cities and provinces were evacuated due to the damage from the downpours. Enditem