Connect with us

Media

အီရတ်ဝန်ကြီးချုပ် ဆီးရီးယားနိုင်ငံသို့ ၂၀၁၁ ခုနှစ်မှစ၍ ပထမဆုံးအကြိမ် သွားရောက်

ဒမတ်စကတ်စ် ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ)

အီရတ်နိုင်ငံ ဝန်ကြီးချုပ် Mohammed Shia’ al-Sudani က ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်စ်သို့ ဇူလိုင် ၁၆ ရက်တွင် ရောက်ရှိခဲ့ပြီး ဆီးရီးယား အကျပ်အတည်း ဖြစ်ပွားခဲ့သော လွန်ခဲ့သော ၁၂ နှစ်မှ စ၍ ပထမဆုံးအနေဖြင့် အီရတ်ဝန်ကြီးချုပ် တစ်ဦး လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။

ဆီးရီးယားနိုင်ငံ သမ္မတ Bashar al-Assad က သမ္မတအိမ်တော်၌ အီရတ်ဝန်ကြီးချုပ် al-Sudani ကို လက်ခံတွေ့ဆုံခဲ့ပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ၎င်းတို့က ဆီးရီးယားနိုင်ငံအပေါ် အာရပ် “အပြုသဘောဆောင်သော”ရပ်တည်ချက်အသစ်ကဲ့သို့သော ဆွေးနွေးမှု အချက်များစွာကို အလေးပေး ပြောကြားခဲ့သည်။ (Xinhua)

……………………….
(English Version)
Iraqi PM visits Syria for 1st time since 2011
Iraqi Prime Minister Mohammed Shia’ al-Sudani arrived in Syria’s capital Damascus on Sunday, marking the first visit by an Iraqi prime minister since the beginning of the Syrian crisis 12 years ago.
Syrian President Bashar al-Assad received al-Sudani at the presidential palace, followed by a joint press briefing, where the two leaders highlighted several points of their discussion, such as the new Arab “positive” position toward Syria.
Xinhua News Agency correspondents reporting from Damascus.(XHTV)