Connect with us

Media

ဟောင်ကောင် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပထမနှစ်ဝက်အတွင်း ခရီးသည်ဝင်ထွက်သွားလာမှုပမာဏ ၁၈ ဆ မြင့်တက်

ဟောင်ကောင်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

ဟောင်ကောင် အပြည်ပြည်ဆိုင်ရာလေဆိပ် (HKIA) က ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း ခရီးသည်ဝင်ထွက်သွားလာမှုပမာဏ ၁၆.၅ သန်းရှိခဲ့ရာ ၂၀၂၂ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၈ ဆ တိုးလာခဲ့ကြောင်း ဟောင်ကောင်လေဆိပ်အာဏာပိုင် (AAHK) မှ ဇူလိုင် ၁၈ ရက်၌ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
HKIA အနေဖြင့် ဇွန်လတွင် ခရီးသည်ဝင်ထွက်သွားလာမှုပမာဏ ၃.၃ သန်း ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့ပြီး မေလနှင့် နှိုင်းယှဉ်ပါက ၆.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ခရီးသည်ပမာဏနှင့် လေကြောင်းခရီးစဉ်များအနေဖြင့်လည်း ၁၀ ဆကျော်နှင့် နှစ်ဆ စသဖြင့် အသီးသီးမြင့်တက်လာခဲ့ကြောင်း၊ ခရီးသည်သယ်ယူပို့ဆောင်မှုများမှာလည်း ယမန်နှစ်ကထက် သိသိသာသာတိုးတက်လာခဲ့ပြီး အရှေ့တောင်အာရှ၊ တရုတ်ပြည်မကြီးနှင့် ဂျပန် စသည့်နိုင်ငံများသို့ သွားလာသောခရီးသွားပမာဏက တိုးတက်မှုအများဆုံးဖြစ်ကြောင်း သိရသည်။

ဟောင်ကောင် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးသည်ဝင်ထွက်သွားလာမှုပမာဏများမှာ ကပ်ရောဂါမတိုင်မီကာလထက် ၆၀ ရာခိုင်နှုန်းခန့်အထိ ပြန်လည်ရောက်ရှိလာခဲ့ပြီး ဇွန် ၂၅ ရက်တွင်မူ ခရီးသည် ၁၂၇,၀၀၀ ကျော်အထိ ရောက်ရှိခဲ့ကြောင်း ကိုဗစ်-၁၉ (COVID-19) ကပ်ရောဂါဖြစ်ပွားချိန်မှစ၍ စံချိန်တင်မြင့်မားခဲ့ကြောင်း AAHK လေဆိပ်လည်ပတ်မှုလုပ်ငန်း အမှုဆောင်ညွှန်ကြားရေးမှူး စတီဗင် ယွီက ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Hong Kong in’tl airport sees 18 times passenger growth in H1
HONG KONG, July 19 (Xinhua) — The Hong Kong International Airport (HKIA) handled 16.5 million passengers in the first half of 2023, an increase of over 18 times from a low base during the same period in 2022, data from the Airport Authority Hong Kong (AAHK) showed Tuesday.
HKIA handled 3.3 million passengers in June, representing a 6.9 percent growth compared with the passenger throughput in May.
Compared with the same month in 2022, passenger volume and flight movements increased over 10 times and doubled, respectively. All passenger segments experienced significant growth year on year, with traffic to and from Southeast Asia, the Chinese mainland and Japan recording the most significant increases.
Steven Yiu, executive director of airport operations of AAHK, said passenger traffic at the airport has recovered to about 60 percent of pre-pandemic levels, and saw a peak of over 127,000 passengers on June 25, a record high since the COVID-19 pandemic.
Photo: Aerial photo taken on May 14, 2022 shows the third runway at the Hong Kong International Airport in south China’s Hong Kong. (Hong Kong International Airport/Handout via Xinhua)