Connect with us

Videos

တရုတ်နိုင်ငံတွင် မိုးများရွာသွန်းနေသဖြင့် အစွန်းရောက်ရာသီဥတုအခြေအနေကို ရင်ဆိုင်ကျော်လွှားလျက်ရှိ

ချုံချင့်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုပြီး ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သော အစွန်းရောက်ရာသီဥတု အခြေအနေကို ရင်ဆိုင်ကျော်လွှားရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ပြည်သူများ၏ အသက်အိုးအိမ် ပိုင်ဆိုင်မှုများကို ထိပ်တန်းဦးစားပေးရန်၊ ရေဘေးကာကွယ်ခြင်းနှင့် ဘေးအန္တရာယ်လျော့ပါးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ဆုံးရှုံးမှုအနည်းဆုံးဖြစ်နိုင်ရန် တရုတ်နိုင်ငံ ခေါင်းဆောင်မှုပိုင်းက အဆင့်အသီးသီးရှိ အာဏာပိုင်များကို ညွှန်ကြားထားခဲ့သည်။

ဇူလိုင် ၃ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့တွင် ဇူလိုင် ၅ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီအထိ လူ ၁၅ ဦးသေဆုံးပြီး ၄ ဦး ပျောက်ဆုံးလျက်ရှိကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားခဲ့သည်။

ထို့ပြင် ချုံချင့်မြို့ အရေးပေါ်အခြေအနေတုန့်ပြန်ရေးရုံးချုပ်ကလည်း ဘေးအန္တရာယ်တုန့်ပြန်မှု အဆင့် ၃ အထိ တိုးမြှင့်ထားကာ မိုးရေချိန် စံချိန်တင်မြင့်မား၍ ထိုခိုက်မှုအများဆုံးဖြစ်သော ဝန့်ကျိုးခရိုင်သို့ ယာယီတဲများ၊ စောင်များ၊ ခေါက်သိမ်းနိုင်သောအိပ်ရာများ အပါအဝင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးထောက်ပံ့ပစ္စည်း ၂၉,၀၀၀ ကျော်ကို ပေးဝေထားကြောင်း သိရသည်။ (Xinhua)

……………………………
China battling extreme weather as rains take toll
CHONGQING, July 5 (Xinhua) — China is making ongoing efforts to battle extreme weather, as rain-triggered floods wreak havoc in southern and central parts of the country.
The Chinese leadership has instructed authorities at all levels to give top priority to ensuring people’s safety and property, and to minimize losses through their work on flood prevention and disaster relief.
The latest round of torrential rains since Monday had killed 15 people and left four others missing in southwest China’s Chongqing Municipality, as of 7 a.m. Wednesday, local authorities said.
The city’s emergency response headquarters office has raised the relief response to Level III, allocating more than 29,000 items of disaster relief supplies, including tents, blankets and folding beds, to Wanzhou District, the hardest-hit area, where record-high rainfall was seen.