Connect with us

Videos

တရုတ်နိုင်ငံ၏ မြစ်ကျဉ်းသုံးသွယ်ရေကာတာက ပထမနှစ်ဝက်အတွင်း ခရီးသွားဧည့်သည်ဝင်ရောက်မှု စံချိန်တင်

ဝူဟန့်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်းရှိ မြစ်ကျဉ်းသုံးသွယ်ရေကာတာသည် ယခုနှစ် ပထမနှစ်ဝက်အတွင်း ခရီးသွားဧည့်သည်ဝင်ရောက်မှု စံချိန်တင်ခဲ့ကြောင်း China Three Gorges Corporation အရ သိရသည်။ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ယင်းနေရာသို့ ခရီးသွားဧည့်သည် ၁.၅ သန်း ဝင်ရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ် အလားတူကာလထက် ဝင်ရောက်သူဦးရေ ၅၀,၀၀၀ ကျော်လွန်ခဲ့သည်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်ရှိ နိုင်ငံအတွင်း အကြီးဆုံး စက်မှုကဏ္ဍခရီးသွားနေရာဖြစ်သော မြစ်ကျဉ်းသုံးသွယ်ရေကာတာသည် ဇန်နဝါရီလမှစ၍ ခရီးသွားလုပ်ငန်း၌ သိသိသာသာမြင့်တက်လာခဲ့ကာ နွေဦးပွဲတော်အားလပ်ရက်အတွင်း လူဦးရေ ၆၅,၀၀၀ ခန့် ဝင်ရောက်ခဲ့ပြီး ယမန်နှစ် ကာလတူထက် ၂၆၀ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

အကျိုးကျေးဇူးများပြားသော ရေအရင်းအမြစ်ကို အသုံးချသော အဆိုပါ စီမံကိန်းသည် ယန်ဇီမြစ်ဝှမ်းတစ်လျှောက် ရေလွှမ်းမိုးမှုထိန်းချုပ်ခြင်းနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၌ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ၂၀၀၃ ခုနှစ်မှစ၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်လျက်ရှိသော ထိုရေကာတာကို အများပြည်သူများဝင်ရောက်ကြည့်ရှုလေ့လာနိုင်ရန် ၂၀၀၅ ခုနှစ်က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Xinjiang adds record installed new energy capacity in H1
URUMQI, July 4 (Xinhua) — The newly installed new energy capacity in northwest China’s Xinjiang Uygur Autonomous Region hit 7.02 million kilowatts in the first half of this year, marking a record high and a 10.5-fold increase compared to the same period in 2022.
Specifically, the installed capacity of wind power reached 3.64 million kilowatts, while that of photovoltaic power stood at 3.38 million kilowatts, said the State Grid Xinjiang Electric Power Co., Ltd.
By the end of June, the total installed capacity of new energy in Xinjiang had reached 48.96 million kilowatts, or over 40 percent of its total installed capacity.
China has been making huge strides in shifting from its dependence on coal to renewables for power generation, a boon to achieving the country’s “dual carbon” goals and tackling global climate change.
Rich in wind and solar power resources, Xinjiang is one of the leading regions across the country in terms of new energy development.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.