Connect with us

Videos

တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့၌ နှစ်ပေါင်း ၁,၅၀၀ သက်တမ်းရှိသော ကျောက်ရုပ်တုကို တွေ့ရှိ

အစ္စတန်ဘူလ်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော အစ္စတန်ဘူလ်မြို့လယ်တွင် ရှေးဟောင်းကျောက်ရုပ်တု သုံးခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများက ဇူလိုင် ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။Sarachane Archaeology ပန်းခြံရှိ ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်ရေးလုပ်ငန်း လုပ်ဆောင်စဉ် နှစ်ပေါင်း ၁,၅၀၀ သက်တမ်းရှိ ကျောက်ရုပ်တုများကို တွေ့ရှိခဲ့ကြောင်း အစ္စတန်ဘူလ်မြို့၊ လက်ထောက်အထွေထွေအတွင်းရေးမှူး Mahir Polat က ပြောသည်။

“ကျွန်တော်တို့ အဖွဲ့က အစ္စတန်ဘူလ်မြို့လယ်က မြေမျက်နှာပြင်အောက် တစ်မီတာခန့်လောက်မှာ အံ့ဩဖွယ်ရာ သမိုင်းဝင်ရှေးဟောင်းပစ္စည်းအစုအဝေးကို ရှာဖွေတွေ့ရှိခဲ့တာပါ”ဟု Polat က ပန်းခြံ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ (Xinhua)
————————-
1,500-year-old grave steles discovered in Türkiye’s Istanbul
At least three ancient grave steles have been discovered in downtown Istanbul, Türkiye’s largest city, local officials announced Thursday.
Mahir Polat, deputy secretary-general of the Istanbul Municipality, said the 1,500-year-old steles were unearthed during the ongoing archeological excavation at the Sarachane Archeology Park.
“Our teams have unearthed a magnificent group of historical artifacts just one meter below the surface in the heart of Istanbul,” Polat told reporters at a press briefing at the park.
Xinhua News Agency correspondents reporting from Istanbul, Türkiye. (XHTV)