Connect with us

Videos

တရုတ်နိုင်ငံက ဆိုက်ပရက်စ်နိုင်ငံ အများပြည်သူသယ်ယူပို့ဆောင်ရေးတွင် လျှပ်စစ်အသွင်ကူးပြောင်းရေး ကူညီပေး

နီကိုရှား ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

ဆိုက်ပရက်စ်နိုင်ငံ၌ သန့်ရှင်းပြီး စိမ်းလန်းသော သယ်ယူပို့ဆောင်ရေး ရွေးချယ်မှုများ ပေးအပ်နိုင်ရန် တရုတ်နိုင်ငံထုတ် လျှပ်စစ်ဘတ်စ်ကားအသစ်ငါးစီးကို ဇူလိုင် ၄ ရက်တွင် ဆိုက်ပရက်စ် အများပြည်သူသယ်ယူပို့ဆောင်ရေး(CPT)က တရားဝင်စတင်မိတ်ဆက်ခဲ့ကြောင်း သိရသည်။တရုတ်ကားထုတ်လုပ်သူ Yutong က ထုတ်လုပ်သည့် ဘတ်ထရီစွမ်းအင်သုံး ဘတ်စ်ကားသည် ဦးစားပေးထိုင်ခုံ ၄ ခု နှင့် ခေါက်နိုင်သော ထိုင်ခုံ ၆ ခု အပါအဝင် ခရီးသည် ၈၅ ဦး တင်ဆောင်နိုင်ပြီး အရှည်အားဖြင့် ၁၂ မီတာရှိ ကြောင်း သိရသည်။

ယင်းဘတ်စ်ကားများသည် ဆိုက်ပရက်စ်ကျွန်းပေါ်ရှိ အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ခေတ်သစ်တစ်ခုကို မိတ်ဆက်ရာ၌ အထောက်အကူဖြစ်စေမည်ဟု ဆိုက်ပရက်စ် အများပြည်သူသယ်ယူပို့ဆောင်ရေး(CPT)က ပြောကြားခဲ့သည်။ (Xinhua)

———————————–
China helps Cyprus public transport go electric
Cyprus Public Transport (CPT) rolled out on Tuesday a fleet of five new Chinese-made electric buses to offer cleaner, greener transit options on the Mediterranean island.
Built by Chinese automaker Yutong, the battery-powered single-deck vehicles span 12 meters in length with a capacity of 85 passengers, seated and standing, including four priority seats and six foldable seats.
CPT says the buses will help introduce a new era in public transportation on the island.
Xinhua News Agency correspondents reporting from Nicosia.(XHTV)