Connect with us

Politics, Law & Military

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်တွင် မူးယစ်ဆေးဝါးအများအပြား ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတစ်ဦးအား သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်တွင် ငွေကျပ်သိန်း ၆၅၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးစွဲမှုထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဇူလိုင် ၄ ရက်၌ မော်တော် ယာဉ်တစ်စီးကို သတင်းပေးချက်အရ ရှာဖွေခဲ့ရာ တရားမဝင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများထဲတွင် စိတ်ကြွရူးသွပ်ဆေးပြား (ICE) ၂၀ ကီလိုဂရမ် နှင့် စိတ်ကြွဆေးပြား ၅၀၀,၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ သံသယရှိသူတစ်ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ်မှ ရှမ်းပြည်နယ် တောင်ပိုင်း ကလောမြို့နယ်သို့ ပို့ဆောင်ခြင်းဖြစ်ကြောင်း CCDAC Myanmar ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါသံသယရှိသူအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.