Connect with us

Media

အီကွေဒေါသမ္မတလောင်းကို လုပ်ကြံမှု ကုလသမဂ္ဂ ရှုတ်ချ

ကုလသမဂ္ဂ ၊ ဩဂုတ် ၁၁ ရက်(ဆင်ဟွာ)

အီကွေဒေါနိုင်ငံ၌ သမ္မတလောင်းတစ်ဦး လုပ်ကြံခံရပြီးနောက် ဩဂုတ် ၁၁ ရက်တွင် ကုလသမဂ္ဂက အပြင်းအထန် ပြစ်တင်ဝေဖန်ရှုတ်ချခဲ့ပြီး ယင်းဖြစ်စဉ်အား စေ့စပ်သေချာစွာစုံစမ်းစစ်ဆေးသွားရန် ဒေသဆိုင်ရာ တရားဥပဒေ စိုးမိုးရေးယန္တရားအား တောင်းဆိုခဲ့ကြောင်း သိရသည်။

မီဒီယာများတွင် ဖော်ပြချက်များအရ အသက် ၅၉ နှစ်အရွယ် Fernando Villavicencio သည် အီကွေဒေါနိုင်ငံ မြို့တော် ကွီတို၌ ဩဂုတ် ၉ ရက် ညနေပိုင်းတွင် ပြုလုပ်သော နိုင်ငံရေးစုရုံးဟောပြောပွဲ၌ ပါဝင်ခဲ့ပြီးနောက် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။ (Xinhua)

……………………………..
(English Version)
UN denounces assassination of Ecuadorian presidential contender
The United Nations on Thursday expressed severe condemnation following the murder of a candidate for the presidency in Ecuador, calling on the local law enforcement to launch a thorough probe into the incident.
As per media accounts, 59-year-old Fernando Villavicencio was tragically gunned down after his participation in a political rally in Quito, the nation’s capital, on Wednesday evening.
Xinhua News Agency correspondents reporting from UN Headquarters.(XHTV)