Connect with us

Media

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၀၀,၀၀၀ ကျော် အထိရှိလာ၊ သေဆုံးသူ ၅၀၀ နီးပါးရှိ

ဒါကာ၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဩဂုတ်လအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၀,၀၀၀ ကျော်ရှိပြီး အဆိုးရွားဆုံးဖြစ်ပွားခဲ့ကာ သေဆုံးသူ ၂၃၄ ဦးရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၂၁ ရက် ဒေသစံတော်ချိန် နံနက် ၈:၀၀ နာရီအထိ ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၂,၁၉၇ ဦး ထပ်မံတွေ့ရှိပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု အရေအတွက်သည် ၁၀၀,၀၀၀ ကျော်သွားပြီဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီမှ စတင်ကာ ယခုအချိန်အထိ ဖြစ်ပွားသူဦးရေ ၁၀၂,၁၉၁ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ဩဂုတ်လတစ်လတည်းတွင်ပင် ရောဂါကူးစက်ခံရသူ ၅၀,၃၅၉ ဦး ရှိကြောင်း အထွေထွေကျန်းမာရေးညွှန်ကြားမှုဦးစီးဌာန (DGHS) ၏ တရားဝင်အချက်အလက်များအရ သိရသည်။

ဩဂုတ် ၂၁ရက်တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၉ ဦးရှိခဲ့သောကြောင့်၊ တစ်နိုင်ငံလုံး၌ သေဆုံးသူ ၄၈၅ ဦးအထိ တိုးလာကြောင်း DGHS မှ ထုတ်ပြန်ခဲ့သည်။

ဩဂုတ် ၂၁ ရက်က ရောဂါဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန်လာသူ ၂,၀၈၄ ဦး အပါအဝင် တစ်နိုင်ငံလုံး ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း ၉၄,၀၂၀ ရှိကြောင်း DGHS ၏ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

………………………….
(English Version)
Bangladesh’s dengue cases top 100,000, deaths near 500
DHAKA, Aug. 22 (Xinhua) — Bangladesh witnessed its worst-ever dengue outbreak so far this month as it recorded more than 50,000 cases and 234 deaths.
After reporting an additional 2,197 dengue fever cases in the last 24 hours as of 8:00 a.m. local time Monday, the dengue tally in Bangladesh has surpassed the 100,000 case mark, now standing at 102,191 so far this year since January.
Of the total, 50,359 cases were reported so far in August alone, the official data of the Directorate General of Health Services (DGHS) showed.
On Monday, nine dengue-related deaths were reported across the country in the past 24 hours, raising the death toll to 485, said the DGHS.
The total number of recovered patients in the country stood at 94,020, including 2,084 new recoveries on Monday, said the DGHS. Enditem