Connect with us

Media

ထိုင်းဝန်ကြီးချုပ်အသစ်ကဒစ်ဂျစ်တယ်ငွေကြေးအစီအစဉ်နှင့်စွမ်းအင်ဈေးနှုန်း လျှော့ချရေးတို့အား မူဝါဒကြေညာချက်တွင် အဆိုပြုထား

ဘန်ကောက် ၊ စက်တင်ဘာ ၁၂ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အသစ် ဆေထာ ထဝီဆင်က လွှတ်တော်သို့ ၎င်းတို့အစိုးရအဖွဲ့မူဝါဒကြေညာချက်အား စက်တင်ဘာ ၁၁ ရက်တွင် တင်ပြခဲ့ရာ ဒစ်ဂျစ်တယ်ငွေကြေးအစီအစဉ်တစ်ခု နှင့် စွမ်းအင်ဈေးနှုန်းလျှော့ချရေးတို့ဖြင့် စီးပွားရေးကို မောင်းနှင် ထိန်းကျောင်းရန် ချက်ချင်းဆောင်ရွက်ရမည့်အစီအမံများအား အလေးထားဖော်ပြခဲ့သည်။

ခရီးသွားလုပ်ငန်း နှင့် ငွေကြေးသုံးစွဲမှု အပါအဝင် ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှု၏ အဓိကမောင်းနှင်မှုများသည် ပြန်လည်နာလန်ထူမှု နှေးကွေးခြင်းနှင့် တွေ့ကြုံနေရပြီး စီးပွားရေးဆုတ်ယုတ်မှုအန္တရာယ်ဆီသို့ ဦးတည်နေကြောင်း ထဝီဆင်က လွှတ်တော်၌ ပြောကြားခဲ့ပြီး စီးပွားရေးပြန်လည်ကောင်းမွန်လာစေရေးအတွက် အားပေးလှုံ့ဆော်မည့် အစီအမံများ လိုအပ်နေကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

………………………….
(English Version)
New Thai PM proposes digital money handout, energy price cuts in policy statement
Thailand’s new Prime Minister Srettha Thavisin delivered his government policy statement to parliament on Monday, highlighting immediate measures to drive economy with a digital money handout and energy price cuts.
The country’s key drivers of growth, including tourism and spending, are experiencing a sluggish recovery, leading to the risk of an economic recession, Srettha told a joint sitting of the National Assembly, adding that stimulus measures are necessary to reinvigorate the economy.
Xinhua News Agency correspondents reporting from Bangkok.(XHTV)