Connect with us

China

ဖူကျန်း တီထွင်ဆန်းသစ်မှုဖိုရမ်တွင် အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံတန်ဖိုးရှိသော ဆန်းသစ်တီထွင်မှု ချိတ်ဆက်စီမံကိန်းများ ကမ်းလှမ်းမှုရှိ

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ၂၀၂၃ ခုနှစ် ဖူကျန်း တီထွင်ဆန်းသစ်မှုဖိုရမ်၏ InnoMatch Global Tech-Matching ပြပွဲ ဝင်ပေါက်၌ လာရောက်လေ့လာသူများကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ၂၀၂၃ ခုနှစ် ဖူကျန်း တီထွင်ဆန်းသစ်မှုဖိုရမ်နှင့် တွဲဖက်ပြုလုပ်သော ကမ္ဘာလုံးဆိုင်ရာ နည်းပညာချိတ်ဆက်မှုပလက်ဖောင်းက ယွမ် ၂၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံခန့်) တန်ဖိုးရှိသော ဆန်းသစ်တီထွင်ချိတ်ဆက်မှုစီမံကိန်းများ ကမ်းလှမ်းခြင်းခံခဲ့ရကြောင်း သိရသည်။

စီးပွားရေးလုပ်ငန်း ၂,၀၀၀ ကျော်က သိပ္ပံပညာရပ်ဆိုင်ရာအဖွဲ့များ သို့မဟုတ် သုတေသနအဖွဲ့များနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရန် ဆန်းသစ်တီထွင်ချိတ်ဆက်မှုစီမံကိန်း ၃,၃၈၁ ခု စာရင်းသွင်းခဲ့ကြောင်း ရှန်ဟိုင်းမြို့တွင် စက်တင်ဘာ ၁၀ ရက်က တရားဝင်ဖွင့်လှစ်ခဲ့သော ဖိုရမ်ဖြစ်မြောက်ရေးစီစဉ်သူများက ပြောခဲ့သည်။ အဆိုပါ စီးပွားရေးလုပ်ငန်းများသည် ထိုစီမံကိန်းများ၌ ယွမ် ၂၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု ကတိပြုခဲ့ကြကြောင်း သိရသည်။

“နောက်ဆုံးပေါ်နည်းပညာတွေက လက်တွေ့ဆေးကုသမှုပညာကို ပြောင်းလဲပေးနေပါတယ်။ ပြီးတော့ ဒီအချိန်မှာ ဦးနှောက်နှင့် ကွန်ပျူတာကြား ပေါင်းကူးဆက်သွယ်ပေးသောစနစ်နှင့် ဉာဏ်ရည်တုနည်းပညာ စတဲ့ နယ်ပယ်တွေအပေါ် အာရုံစိုက်တဲ့ ဆန်းသစ်တီထွင်မှုလိုအပ်ချက် ၁၀ ခုကျော် ထုတ်ပြန်ခဲ့ပါတယ်” ဟု ရှန်ဟိုင်းမြို့ အခြေစိုက် ဆေးဘက်ဆိုင်ရာ ကိရိယာထုတ်လုပ်ရေးလုပ်ငန်း MicroPort ၏ အမှုဆောင်အရာရှိ ကျန်းလိဟုန်က ပြောခဲ့သည်။

အဆိုပါ ကွန်ဖရင့်သို့ စီးပွားရေးလုပ်ငန်းဆိုင်ရာ စီမံကိန်း ၁,၀၀၀ ကျော်၊ အဖွဲ့အစည်း ၅၀၀ ကျော်နှင့် ကမ္ဘာတစ်ဝန်းရှိ ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်း ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………….
(English Version)
Pujiang Innovation Forum offers 3.5-bln-USD innovation matching projects
SHANGHAI, Sept. 11 (Xinhua) — A global technology matching platform associated to the 2023 Pujiang Innovation Forum in Shanghai has offered 25 billion yuan (about 3.5 billion U.S. dollars) worth of innovation matching projects.
Over 2,000 enterprises registered 3,381 innovation projects open to technological cooperation with scientific teams or research institutes, said the organizers of the forum, which officially opened in Shanghai on Sunday. These enterprises pledged to invest a combined 25 billion yuan into these projects.
“Cutting-edge technologies are changing clinical medicine, and we have published over 10 innovation demands this time focusing on fields such as brain-computer interface and artificial intelligence,” said Zhang Lihong, a senior executive with MicroPort, a medical device manufacturer based in Shanghai.
The conference attracted more than 1,000 entrepreneurial projects, over 500 incubation organizations, and more than 200 investment institutions worldwide.
Photo: Visitors walk past an installation at the entrance to the InnoMatch Global Tech-Matching Fair of the 2023 Pujiang Innovation Forum in east China’s Shanghai Sept. 10, 2023. (Xinhua/Fang Zhe)