Connect with us

Media

တရုတ်နိုင်ငံက ကူညီပေးသည့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးစီမံကိန်းက ကမ္ဘောဒီးယားနိုင်ငံ၏ ဝေးလံခေါင်သီသောကျေးရွာအတွက် မျှော်လင့်ချက်များ ဆောင်ကြဉ်းပေး

ကမ္ဘောဒီးယား ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ Takeo ပြည်နယ် Bati ခရိုင်၌ တည်ရှိသည့် Tanorn ကျေးရွာသည် မြို့တော်ဖနွမ်းပင်၏ တောင်ဘက် ၆၀ ကီလိုမီတာခန့်အကွာတွင် ရှိကြောင်းသိရသည်။
စုစုပေါင်းဧရိယာ ၇၂ ဟက်တာရှိသည့် ဆင်းရဲနွမ်းပါးသောရွာငယ်တွင် လူဦးရေ ၆၁၅ ဦးနှင့်အတူ အိမ်ထောင်စု ၁၂၇ စု ရှိကြောင်း သိရသည်။

ကျေးရွာခေါင်းဆောင်၏ ပြောကြားချက်အရ ကျေးရွာမှာ ယခင်က သန့်ရှင်းသောရေ ၊ လျှပ်စစ်မီး ၊ စာသင်ကျောင်း နှင့် ဆေးခန်းမရှိခြင်း ၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှု မရှိခြင်းတို့ကြောင့် အထီးကျန်ဖြစ်ခဲ့ရသည်။ သို့သော် တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (CFPD) က ကျေးရွာအတွင်း ဆင်းရဲနွမ်းပါးမှုစီမံကိန်းတစ်ခုအား ငွေကြေးထောက်ပံ့ခဲ့ပြီးနောက် အခြေအနေများမှာ အလုံးစုံပြောင်းလဲသွားခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် စတင်ခဲ့ကာ ပြီးစီးလုနီးပါးဖြစ်သော ဆင်းရဲနွမ်းပါးမှုလျော့ချရေးဆိုင်ရာ ကမ္ဘောဒီးယား-တရုတ် ချစ်ကြည်ရေးကျေးရွာက ယင်းနေရာကို ကြီးမားသောပြောင်းလဲမှုများအား ဆောင်ကြဉ်းပေးခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………
(English Version)
China-aided poverty alleviation project brings hope to Cambodia’s remote village
Tanorn village is located in Bati district of Takeo province in Cambodia, roughly 60 km south of the country’s capital Phnom Penh.
With a total area of 72 hectares, the tiny poor village is home to 127 households with 615 people.
According to its village chief, the village was once isolated due to poor access roads, with no clean water, electricity, school, and health center. However, the situation completely changed after the China Foundation for Peace and Development (CFPD) funded a poverty alleviation project in the village.
Launched in January 2021, the nearly-completed Cambodia-China Friendship Village for Poverty Alleviation Project has brought great changes here.
Xinhua News Agency correspondents reporting from Bati, Cambodia.(XHTV)