Connect with us

Media

အာဆီယံ ခေါင်းဆောင်များက တရုတ်စီးပွားရေးအပေါ် အပြုသဘောရှုမြင်

နန်နင်း၊ စက်တင်ဘာ၂၀ ရက် (ဆင်ဟွာ)

၂၀ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ တက်ရောက်နေကြသော အာဆီယံ ခေါင်းဆောင်များက တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုများကို အလေးထားပြောကြားခဲ့ကြပြီး တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလားအလာများကိုလည်း အပြုသဘောဆောင် ပြောကြားခဲ့ကြသည်။

လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံ၏ အရှိန်အဟုန်မြင့်တိုးတက်လာမှုသည် ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှင့် တည်ငြိမ်မှုကို သိသိသာသာ အထောက်အကူပြုဖြစ်စေခဲ့သလို ကမ္ဘာ့စီးပွားရေးအတွက် အရေးပါသော မောင်းနှင်အားတစ်ရပ်လည်း ဖြစ်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် Pham Minh Chinh က မှတ်ချက်ပြုခဲ့သည်။

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နန်နင်းတွင် ကျင်းပသော ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား၌ Pham Minh Chinh က အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။
“ဗီယက်နမ်အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ဒေသတွင်းမှာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဘုံသာယာဝပြောမှုအတွက် တရုတ်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုကို အစဉ်အမြဲ ကျေးဇူးတင်ပြီး လွန်စွာတန်ဖိုးထားပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ယခုနှစ်သည် ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် ၁၀ နှစ်ပြည့်မြောက်ခြင်းနှင့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၏ နှစ်ပေါင်း ၂၀ ပြည့်မြောက်ခြင်း အခါသမယဖြစ်သည်။ တရုတ်နိုင်ငံနှင့် အာဆီယံကြား နှစ်ဘက်ကုန်သွယ်မှုမှာ ၂၀၀၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ခန့်ရှိရာမှ ၂၀၂၂ ခုနှစ်တွင်မူ အမေရိကန်ဒေါ်လာ ၉၇၅.၃၄ ဘီလီယံအထိ တိုးတက်လာခဲ့ကြောင်း တရားဝင်အချက်အလက်များ၌ ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် အာဆီယံ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံအဖြစ် ၁၄ နှစ်ဆက်တိုက် တည်ရှိနေခဲ့သလို အာဆီယံကလည်း တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် သုံးနှစ်ဆက်တိုက် ရှိနေခဲ့ကြောင်း သိရသည်။
ထို့ပြင် ကုန်စည်ပြပွဲသို့ တက်ရောက်လာသော နိုင်ငံ့ခေါင်းဆောင်များစွာကလည်း တရုတ်နိုင်ငံနှင့်အတူ ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတွင်း စီးပွားရေးပေါင်းစည်းမှု မြှင့်တင်ရန် ပူးပေါင်းဆောင်ရွက်မှု ထပ်မံအားကောင်းအောင် ဆောင်ရွက်ရန် ပြောကြားခဲ့ကြသည်။ (Xinhua)
………………………………………………

(English Version)
ASEAN leaders sustain positive outlook on Chinese economy
NANNING, Sept. 18 (Xinhua) — ASEAN leaders attending the ongoing 20th China-ASEAN Expo highlighted the achievements of China-ASEAN cooperation and expressed optimism about China’s economic development prospects.
Vietnamese Prime Minister Pham Minh Chinh noted that China’s sustained high-speed growth over the past decades has contributed significantly to global economic growth and stability, making it an important driving force for the world economy.
Pham Minh Chinh made the remarks at the opening ceremony of the expo in Nanning, the capital of Guangxi Zhuang Autonomous Region, south China.
“ASEAN countries, including Vietnam, have always appreciated and highly valued China’s important contribution to cooperation and common prosperity in the region,” he said.
This year marks the 10th anniversary of the Belt and Road Initiative and the 20th anniversary of the China-ASEAN Expo. Official data shows that the bilateral trade volume between China and ASEAN had increased from about 100 billion U.S. dollars in 2004 to 975.34 billion U.S. dollars in 2022. China has been the ASEAN bloc’s largest trading partner for 14 consecutive years, while ASEAN has been China’s largest trading partner for three consecutive years.
At the expo, multiple leaders voiced their commitment to further strengthening cooperation with China to promote their own countries’ development and regional economic integration.
Photo : People visit the 20th China-ASEAN Expo at Nanning International Convention and Exhibition Center in Nanning, capital of south China’s Guangxi Zhuang Autonomous Region, Sept. 17, 2023. (Xinhua/Zhou Hua)