Connect with us

Europe

တရုတ်နိုင်ငံက အာရှ-ပစိဖိတ်ဒေသတွင် ငြိမ်းချမ်းရေးအတွက် ခိုင်မာသောတွန်းအားအဖြစ် တစ်စိုက်မတ်မတ်ရှိ

လန်ဒန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

အာရှ-ပစိဖိတ်သည် ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံးတိုးတက်မှု၊ အကြီးမားဆုံး အလားအလာ၊ အတက်ကြွဆုံး ပူးပေါင်းဆောင်ရွက်မှုရှိသော ဒေသတစ်ခုဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးအတွက် ခိုင်မာသောတွန်းအားတစ်ရပ်အဖြစ် တစ်စိုက်မတ်မတ်ရှိနေကြောင်း ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Zheng Zeguang က ပြောကြားခဲ့သည်။

“အာရှ-ပစိဖိတ်ဒေသ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေးက ဒေသတွင်းရဲ့ အနာဂတ်ကိုသာမက ကမ္ဘာကြီးနဲ့လည်းပဲ သက်ဆိုင်ပါတယ်” ဟု လန်ဒန်မြို့တွင် ဇန်နဝါရီ ၂၃ ရက်တွင် ပြုလုပ်သော Asia House Annual Outlook 2024 ထုတ်ပြန်ခြင်း အခမ်းအနားမိန့်ခွန်း၌ Zheng က ထည့်သွင်းပြောကြားခဲ့သည်။
“ရာစုနှစ်အတွင်း မကြုံဖူးတဲ့ ပြောင်းလဲမှုများကြားမှာ တရုတ်နိုင်ငံက အေးအတူပူအမျှ အာရှ-ပစိဖိတ်အသိုက်အဝန်းတစ်ရပ် တည်ဆောက်ရေး ရည်မှန်းချက်ဆီသို့ နိုင်ငံများအားလုံးနဲ့အတူ နက်ရှိုင်းစွာ ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးခြင်း၊ စိတ်ရင်းစေတနာမှန်ကန်ခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေခြင်းနှင့် အားလုံးလက်ခံပါဝင်မှုရှိခြင်း သဘောထားကို လိုက်လျှောက်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးသော မိတ်ဖက်ဆက်ဆံရေး ထူထောင်ရန် ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် နိုင်ငံများအနေဖြင့် အချင်းချင်းလေးစားမှုရှိခြင်း၊ ငြိမ်းချမ်းရေးထိန်းသိမ်းခြင်း၊ တံခါးဖွင့်ဝါဒနှင့် ပူးပေါင်းဆောင်ရွက်မှုအား ဦးဆောင်ခြင်း၊ ကူးလူးဆက်ဆံမှုနှင့် အပြန်အလှန်လေ့လာသင်ယူမှု ဆောင်ရွက်ခြင်းဆိုင်ရာ စည်းမျဉ်းများကို လိုက်နာဆောင်ရွက်ရန် သံအမတ်ကြီးက ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
China always a staunch force for peace in Asia-Pacific: ambassador
LONDON, Jan. 23 (Xinhua) — The Asia-Pacific is a region with the fastest growth, greatest potential, and most dynamic cooperation in the world, and China has always been a staunch force for peace, stability and prosperity in the region, China’s Ambassador to the United Kingdom (UK) Zheng Zeguang has said.
“Peace, stability and prosperity in the Asia-Pacific bear on not only the future of the region, but that of the world,” Zheng said on Tuesday in a speech delivered at the Asia House Annual Outlook 2024 Launch in London.
“Amid changes unseen in a century, China will deepen dialogue and cooperation with all parties towards the goal of building an Asia-Pacific community with a shared future,” he said.
China follows the principle of amity, sincerity, mutual benefit and inclusiveness, and work to build friendship and partnership with neighbouring countries.
The ambassador called on countries to follow the principles of respecting one another, upholding peace, championing openness and cooperation, as well as embracing exchanges and mutual learning.