Connect with us

Media

အကျဉ်းကျခံနေရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို လွှတ်ပေးမည်

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာကို မကြာမီ လွှတ်ပေးရန် စီစဉ်ထားကြောင်း တရားရေးဝန်ကြီး Tawee Sodsong က ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

သက်ဆင်သည် ယခုလအတွင်း ပြစ်ဒဏ်ကာလမစေ့မီ ကတိခံဝန်ချက်ဖြင့် လွှတ်ပေးရန် အတည်ပြုထားသည့် အကျဉ်းသား ၉၃၀ ဦးအနက် ပါဝင်ကြောင်း တရားရေးဝန်ကြီး Tawee Sodsong က အစိုးရအဖွဲ့ အစည်းအဝေး မတက်ရောက်မီ သတင်းထောက်များကို ပြောကြားခဲ့သည်။ အသက် ၇၀ နှစ်အထက် နှင့် အပြင်းအထန် နာမကျန်းဖြစ်သူများအတွက် ပြစ်ဒဏ်ကာလမစေ့မီ ကတိခံဝန်ချက်ဖြင့် လွှတ်ပေးခြင်းသည် အသက် ၇၄ နှစ်အရွယ်ခန့် ရှိပြီဖြစ်သော သက်ဆင်လည်း အကျုံးဝင်ကြောင်း သိရသည်။
သက်ဆင်က ပြစ်ဒဏ်ချမှတ်ခံရခြင်း ၆ လထက်မနည်း ရှိခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၇ ရက်ဝန်းကျင်တွင် လွတ်မြောက်လာဖွယ်ရှိကြောင်း သိရသည်။ (Xinhua)

…………………………….
(English Version)
Jailed former Thai PM Thaksin to be released: justice minister
Thailand’s former Prime Minister Thaksin Shinawatra is set to be released soon, Justice Minister Tawee Sodsong said Tuesday.
Tawee told reporters before attending a cabinet meeting that Thaksin is among the 930 inmates approved for parole this month. The 74-year-old is eligible for parole for being aged above 70 and with severe illness.
Thaksin is expected to be released around Feb. 17 after serving at least six months of the sentence.
Xinhua News Agency correspondents reporting from Bangkok.(XHTV)