Connect with us

Asia

ဗီဇာကင်းလွတ်ခရီးသွားလာခြင်းက တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို မြှင့်တင်ပေး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ တရုတ်တန်းတွင် တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတစ်ခုအတွင်း တင်ဆက်ဖျော်ဖြေမှုများကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နှစ်သစ်ကူးအားလပ်ရက်များအတွင်း လာရောက်လည်ပတ်ကြမည့် တရုတ်ခရီးသွားဧည့်သည်များကို ကြိုဆိုကြမည့် ရွှေ‌ရောင်အခွင့်အလမ်းတစ်ရပ်အဖြစ် ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်ရှိ တရုတ်တန်းဖြစ်သော Yaowarat လမ်းတစ်လျှောက် အမြင့်တွင် မီးပုံးနီနီလေးများချိတ်ဆွဲကာ အလှဆင်ထားသလို ဈေးဆိုင်များကိုလည်း ကောင်းမွန်စွာပြင်ဆင်ထားသည်။

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ သဘောတူစာချုပ်ကို ယခုနှစ် ဇန်နဝါရီလကုန်ပိုင်းက လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ခြင်းနှင့်အတူ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သော တရုတ်ခရီးသွားဧည့်သည်များ သိသိသာသာ တိုးတက်လာခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Visa-free travel to boost tourism for China, Thailand
BANGKOK, Feb. 14 (Xinhua) — Red lanterns are hung high over Yaowarat Road, where Chinatown in the Thai capital of Bangkok is located, and shops are well prepared, as it is a golden opportunity to cater to Chinese tourists coming here to spend their Lunar New Year holidays.
In late January this year, China and Thailand signed an agreement on mutual visa exemption, effective on March 1.With the signing of the agreement, the number of Chinese tourists visiting Thailand has significantly increased.
Photo 1: Performers dance during an event to celebrate the Chinese Lunar New Year at Chinatown in Bangkok, Thailand, Feb. 10, 2024. (Xinhua/Rachen Sageamsak)