Connect with us

Videos

အင်ဒိုနီးရှားနိုင်ငံ၌ လေဆင်နှာမောင်းဒဏ်ကြောင့် အိမ်ခြေရာနှင့်ချီ ထိခိုက်ပျက်စီး

ဂျကာတာ၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်ရှိ နယ်မြေနှစ်ခုအား ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲပိုင်းတွင် လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လူနေအိမ်များနှင့် စက်ရုံများ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် Sumedang နယ်မြေတွင် စက်ရုံ ၁၃ ရုံနှင့် လူနေအိမ် ၁၀ လုံး ၊ Bandung နယ်မြေတွင် စက်ရုံ ၁၈ ရုံနှင့် လူနေအိမ် ၂၃၃ လုံး ပျက်စီးခဲ့ကြောင်း အနောက်ဂျာဗား ဘေးအန္တရာယ်လျော့ပါး သက်သာရေးအေဂျင်စီက ဒေသတွင်းမီဒီယာများအား ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။ယင်းသဘာဝဘေးဒဏ်ကြောင့် နယ်မြေနှစ်ခုရှိ မိသားစု ၈၀၀ ကျော် ဘေးဒဏ်သင့်ခဲ့ပြီး လူ ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အေဂျင်စီပြောရေးဆိုခွင့်ရှိသူ Hadi Rahmat က ပြောကြားခဲ့သည်။ (Xinhua)
————————————–
Tornado damages hundreds of houses in Indonesia
A tornado swept through two regencies in the Indonesian province of West Java on Wednesday afternoon, leveling houses and factories in the area.
West Java disaster mitigation agency told local media on Thursday that powerful winds had damaged 13 factories and 10 houses in Sumedang regency, and 18 factories and 233 houses in Bandung regency.
The agency’s spokesman Hadi Rahmat said that the disaster had impacted over 800 families in these regencies with more than 30 people suffering injuries.
Xinhua News Agency correspondents reporting from Jakarta.(XHTV)