Connect with us

Videos

၂၀၂၄ ခုနှစ်တွင် အာရှစီးပွားရေး ၄.၅ ရာခိုင်နှုန်း တိုးလာမည်ဟု ခန့်မှန်း

ဘိုးအောက်၊ ဟိုင်နန်၊ မတ် ၂၇ ရက် (ဆင်ဟွာ)

အာရှဒေသ၏ စီးပွားရေးသည် ၂၀၂၄ ခုနှစ်အတွင်း ၄.၅ ရာခိုင်နှုန်းခန့်တိုးလာမည်ဟု ခန့်မှန်းထားရာ ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် အကြီးမားဆုံးပံ့ပိုးပေးသောဒေသအဖြစ် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဘိုးအောက်မြို့တွင် ကျင်းပသော အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် (BFA) မှ မတ် ၂၆ ရက်၌ ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။
ပြင်ပမှ စီးပွားရေးစိန်ခေါ်မှုများစွာ ရင်ဆိုင်နေရသော်ငြားလည်း အာရှစီးပွားရေးသည် မြင့်မားသော တိုးတက်မှုနှုန်းကို ဆက်လက်ထိန်းထားနိုင်ဆဲဖြစ်ကာ ခိုင်မာသော သုံးစွဲမှု၊ လက်တွေ့ကျသော ငွေကြေးမူဝါဒများနှင့် ဆက်စပ်၍ ကူညီပံ့ပိုးခဲ့ကြောင်း အဆိုပါ ဖိုရမ်၏ ၂၀၂၄ ခုနှစ် အာရှစီးပွားရေးအလားအလာနှင့် စီးပွားရေးပေါင်းစည်းမှုတိုးတက်ရေးလုပ်ငန်း နှစ်ပတ်လည်အစီရင်ခံစာ၌ ဖော်ပြထားသည်။ (Xinhua)
#China #BoaoForumForAsia #AsianEconomy #တရုတ် #အာရှဒေသဆိုင်ရာဘိုးအောက်ဖိုရမ် #အာရှစီးပွားရေး
……………………………………..
Asian economy forecast to grow 4.5 pct in 2024: report
BOAO, Hainan, March 26 (Xinhua) — The Asian economy is expected to grow by around 4.5 percent in 2024, surpassing that of 2023, and continue to be the largest contributor to global economic growth, according to a report released Tuesday by the Boao Forum for Asia (BFA) which convenes its 2024 conference in Boao, a resort town in southern China’s Hainan Province.
According to the forum’s Asian Economic Outlook and Integration Progress Annual Report 2024, despite facing various external economic challenges, the Asian economy will still maintain a relatively high growth rate, supported by relatively strong consumption and proactive fiscal policies.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.