Connect with us

Videos

ကက်စထရိုတို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ အပြန်အလှန်ပေးပို့

ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ)

တရုတ်-ဟွန်ဒူးရပ်စ်တို့ကြား သံတမန်ဆက်ဆံရေး ထူထောင်သည့် (၁)နှစ်ပြည့် နှစ်ပတ်လည်ကို ဂုဏ်ပြုသောအားဖြင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် ဟွန်ဒူးရပ်စ်နိုင်ငံသမ္မတ ကက်စထရိုတို့က ဝမ်းမြောက်ကြောင်းသဝဏ်လွှာများကို မတ် ၂၆ ရက်တွင် အပြန်အလှန်ပေးပို့ ခဲ့ကြောင်း သိရသည်။ယခင်နှစ် မတ်လတွင် တရုတ်-ဟွန်ဒူးရပ်စ်တို့ကြား သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ကဏ္ဍသစ်ကို စတင်ခဲ့ကြောင်း၊ ယခင်နှစ် ဇွန်လတွင် ဟွန်ဒူးရပ်စ်နိုင်ငံသမ္မတသည် တရုတ်ပြည်သို့ အောင်မြင်စွာ လာရောက်လည်ပတ်ခဲ့ပြီး မိမိတို့ကြား ဆွေးနွေးပွဲများလုပ်ဆောင်ခဲ့ရာ အရေးပါသောသဘောတူညီချက်များ ရရှိခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်ကို ထောက်ပြခဲ့ကြောင်း၊ လွန်ခဲ့သော ၁ နှစ်က သံတမန်ဆက်ဆံရေး ထူထောင်ပြီးချိန်မှစ၍ နှစ်ဖက်စလုံးသည် အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှမှု၊ အပြန်အလှန်အကျိုးရှိမှု၊ အတူတကွ ဖွံ့ဖြိုးတိုးတက်မှု စသည်တို့ကို အခြေခံပြီး နှစ်နိုင်ငံဆက်ဆံရေးကို မြင့်မားသောအဆင့်ဖြင့် စတင်နိုင်ရေးအတွက် မြှင့်တင်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ဟွန်ဒူးရပ်စ်သည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ပြတ်ပြတ်သားသား လိုက်နာသောကြောင့် အလွန်လေးစားကျေးဇူးတင်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

တရုတ်-ဟွန်ဒူးရပ်စ်တို့ကြား သံတမန်ဆက်ဆံရေးသည် သမိုင်းလမ်းကြောင်းနှင့်အညီ လုပ်ဆောင်ခဲ့သော မှန်ကန်သော နိုင်ငံရေးဆုံးဖြတ်ချက် ဖြစ်ကြောင်း၊ နှစ်နိုင်ငံနှင့် ၎င်းတို့၏ပြည်သူများ၏ အခြေခံစီးပွားနှင့် ကိုက်ညီကြောင်းကို လက်တွေ့က သက်သေပြခဲ့ကြောင်း၊ မိမိတို့အနေဖြင့် တရုတ်-ဟွန်ဒူးရပ်စ် ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကို အလေးအနက်ထားပြီး ဟွန်ဒူးရပ်စ်နိုင်ငံသမ္မတနှင့် အတူကြိုးပမ်းရန် ဆန္ဒရှိကြောင်း၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် (၁)နှစ်ပြည့် နှစ်ပတ်လည်ကို အခွင့်ကောင်းအဖြစ် ခံယူကာ အပြန်အလှန် ပံ့ပိုးကူညီပြီး ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ရန်နှင့် တရုတ်-ဟွန်ဒူးရပ်စ် ဆက်ဆံရေးအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို ပူးတွဲတည်ဆောက်ရန် ရှီကျင့်ဖိန်က အလေးအနက် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် နှစ်ထောင်ချီ ယဉ်ကျေးမှုရှိကြောင်း၊ သမိုင်းဖြစ်စဉ်တွင် အရေးပါသော ကဏ္ဍတွင် ပါဝင်ပြီး ကမ္ဘာကြီး၏ စံနမူနာဖြစ်ကြောင်း၊ ဟွန်ဒူးရပ်စ်နိုင်ငံ၏ အဓိကမိတ်ဆွေလည်းဖြစ်ကြောင်း၊ သံတမန်ဆက်ဆံရေး စတင်ထူထောင်ပြီးကတည်းက တရုတ်နိုင်ငံ၏ တီထွင်ဆန်းသစ် ဖွံ့ဖြိုးတိုးတက်မှုတွင် ပေးအပ်မြှုပ်နှံခြင်း၊ ကမ္ဘာလုံးဆိုင်ရာပြဿနာများတွင် ပူးပေါင်းအဖြေရှာ ဆွေးနွေးခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတွင် များစွာအထောက်အကူဖြစ်စေခဲ့သည်ကို ၎င်းတို့ မျက်မြင်တွေ့ခဲ့ကြောင်း ဟွန်ဒူးရပ်စ်နိုင်ငံသမ္မတ ကက်စထရိုက ပြောကြားခဲ့သည်။ (Xinhua)
……………………………………………………….
(Chinese Version)
习近平同洪都拉斯总统卡斯特罗就中洪建交一周年互致贺电
新华社北京3月26日电 3月26日,国家主席习近平同洪都拉斯总统卡斯特罗互致贺电,庆祝两国建交一周年。
习近平指出,去年3月,中国同洪都拉斯建立外交关系,开启双边关系新篇章。去年6月,总统女士成功对中国进行国事访问,我们举行会谈并达成重要共识,为双边关系发展指明方向。建交一年来,双方秉持相互尊重、平等互利、共同发展原则,推动双边关系实现高水平起步。洪方坚定奉行一个中国原则,我对此表示高度赞赏。
习近平强调,事实证明,中洪建交是顺应历史潮流作出的正确政治决断,符合两国和两国人民根本利益。我高度重视中洪关系发展,愿同卡斯特罗总统一道努力,以两国建交一周年为契机,巩固相互支持,拓展全方位合作,共同谱写中洪关系更加美好未来。
卡斯特罗表示,中国拥有千年文明,在历史进程中扮演了主要角色,是世界的榜样,也是洪都拉斯的重要伙伴。建交一年来,我们见证了中国致力于创新发展,共商全球性问题解决方案,极大助力全球减贫事业。洪方坚定恪守一个中国原则,愿同中方发展独立自主、相互尊重的双边关系。祝愿两国人民友谊长存。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.