Media
တရုတ်နိုင်ငံ ပြည်တွင်းထုတ် C919 လေယာဉ် တတိယမြောက် ပုံမှန်လမ်းကြောင်း ပြေးဆွဲ
ရှန်ဟိုင်း၊ မတ် ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပြည်တွင်းထုတ် ခရီးသည်တင်လေယာဉ်ကြီးဖြစ်သော C919 လေယာဉ်သည် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့နှင့် နိုင်ငံအနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ်၏ သမိုင်းဝင်မြို့ကို ချိတ်ဆက်ထားသော လမ်းကြောင်းသစ်ပေါ်တွင် မတ် ၈ ရက်၌ စတင်ပြေးဆွဲပြီဖြစ်ကြောင်း သိရသည်။
China Eastern Airlines မှ ပြေးဆွဲသော ခရီးစဉ်အမှတ် MU2152 သည် Shanghai Hongqiao အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နံနက် ၈:၄၀ နာရီခန့်က ပျံသန်းလာခဲ့ပြီး Xi’an Xianyang အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွက်ခွာခြင်းဖြင့် C919 လေယာဉ်အတွက် တတိယမြောက် ပုံမှန်လမ်းကြောင်းသစ် စတင်ခဲ့သည်။
အဆိုပါ C919 လေယာဉ်သည် ပထမဆုံးစီးပွားဖြစ်လေကြောင်းပျံသန်းမှုကို ၂၀၂၃ ခုနှစ် မေလတွင် ပြီးစီးခဲ့ပြီး ရှန်ဟိုင်းမြို့နှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ချိန်တူးမြို့ကြား ပုံမှန်ပြေးဆွဲခဲ့သည်။ ယင်းမှာ ပေကျင်းမြို့နှင့် ရှန်ဟိုင်းမြို့ကြား ချိတ်ဆက်ပြေးဆွဲသည့် ဒုတိယမြောက်ပုံမှန်လမ်းကြောင်းလည်းဖြစ်သည်။
China Eastern Airlines ၏ C919 လေယာဉ်အုပ်စုသည် ဖေဖော်ဝါရီ ၂၉ ရက်အထိ စီးပွားရေးဖြစ်လေကြောင်းခရီးစဉ် ၁,၁၃၁ ခု ပြေးဆွဲနိုင်ခဲ့ရာ ဘေးကင်းသောပျံသန်းမှုကြာမြင့်ချိန် ၃,၂၇၂ နာရီကျော်ရှိခဲ့ပြီး ခရီးသည် ၁၄၅,၀၀၀ ကျော်ကို ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)
………………………………
(English Version)
China’s homegrown C919 jetliner flies on third regular route
SHANGHAI, March 8 (Xinhua) — China’s self-developed large passenger aircraft, C919, commenced operation Friday on a new route connecting Shanghai with the historic city of Xi’an in northwest China’s Shaanxi Province.
The flight MU2152, operated by China Eastern Airlines, took off from the Shanghai Hongqiao International Airport at around 8:40 a.m. and departed for the Xi’an Xianyang International Airport, marking the launch of the third regular route for the C919.
The C919 completed its first commercial flight in May 2023 and has since maintained regular operations between Shanghai and Chengdu, the capital of southwest China’s Sichuan Province. Its second regular route connects the megacities of Beijing and Shanghai.
As of Feb. 29, the China Eastern Airlines’ C919 fleet has completed 1,131 commercial flight trips, accumulating more than 3,272 safe flight hours and transporting more than 145,000 passengers.