Connect with us

Media

တရုတ်ပြည်မကြီးမှ အိုလံပစ်အားကစားသမားများ ဟောင်ကောင်သို့ သုံးရက်ကြာအလည်အပတ်ခရီးစဉ်ရောက်ရှိ

ဟောင်ကောင်၊ ဩဂုတ် ၃၀ ရက် (ဆင်ဟွာ)

၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ်အားကစားပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော တရုတ်ပြည်မကြီးမှ အိုလံပစ်အားကစားသမားများသည် ဟောင်ကောင်သို့ သုံးရက်ကြာအလည်အပတ်ခရီးစဉ်အတွက် ဩဂုတ် ၂၉ ရက်၌ ရောက်ရှိလာခဲ့ကြသည်။
တရုတ်အိုလံပစ်ကော်မတီ (COC) ဥက္ကဋ္ဌ Gao Zhidan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင် အားကစားနည်း ၁၆ နည်း ကိုယ်စားပြုအားကစားသမား ၆၅ ဦးနှင့် နည်းပြ ၈ ဦးပါဝင်သည်။ ပဲရစ်အိုလံပစ်အားကစားပွဲတွင် ရွှေတံဆိပ်ဆုရှင် ၆၀ ဦးအနက် လက်ရှိ U.S. Open ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသော Zheng Qinwen မှ လွဲ၍ အားလုံးမှာ အဆိုပါခရီးစဉ်၌ ပါဝင်ကြောင်း သိရသည်။
ထိုကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၃၀ ရက်တွင် ဟောင်ကောင်အားကစားအင်စတီကျုသို့ သွားရောက်လေ့လာကာ ဧည့်ခံပွဲသို့ မတက်ရောက်မီ ဒေသခံအားကစားသမားများနှင့် တွေ့ဆုံကြမည်ဖြစ်သည်။

ထို့နောက် အိုလံပစ်အားကစားသမားများသည် Queen Elizabeth အားကစားရုံနှင့် Victoria Park ရေကူးကန်တွင် သရုပ်ပြတင်ဆက်မှုနှစ်ခု ပြုလုပ်ပြီးနောက် ဩဂုတ် ၃၁ ရက်၌ မကာအိုသို့ ထွက်ခွာကြမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Chinese mainland Olympians arrive in Hong Kong for 3-day visit
A delegation of Chinese mainland Olympians from the Paris 2024 Olympic Games arrived in Hong Kong on Thursday for a three-day visit.
The delegation, led by the Chinese Olympic Committee (COC) president Gao Zhidan, includes 65 athletes and eight coaches representing 16 sports. Among the 60 gold medalists from the Paris Olympics, all are participating in the visit except Zheng Qinwen, who is currently competing in the U.S. Open.
On Friday, the delegation will visit the Hong Kong Sports Institute and interact with local athletes, before attending a gala show.
Before departing for Macao on Saturday, the Olympians will showcase their skills in two demonstration events at Queen Elizabeth Stadium and Victoria Park swimming pool.