Connect with us

Media

အမေရိကန်၏ စည်းကြပ်ခွန်များနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တုံ့ပြန်ပြောကြား

ပေကျင်း၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်စေသည့် အမေရိကန်နိုင်ငံနှင့် ၎င်း၏ ကုန်သွယ်ဖက်များကြား သဘောတူညီချက်မှန်သမျှကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၂၁ ရက်၌ ပြောကြားခဲ့သည်။
ထိုကဲ့သို့ အခြေအနေတစ်ရပ်ရပ် ဖြစ်ပေါ်လာပါက တရုတ်နိုင်ငံအနေဖြင့် လက်သင့်ခံမည်မဟုတ်ဘဲ အလားတူ တန်ပြန်အစီအမံများကို ပြတ်ပြတ်သားသား လုပ်ဆောင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မိမိတို့၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် စိတ်ပိုင်းဖြတ်ထားသလို ထိုသို့ ကာကွယ်နိုင်စွမ်းလည်းရှိကြောင်းပြောရေးဆိုခွင့်ရှိသူက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)

…………………………………………………………………………..
(English Version)
China firmly opposes any deal at expense of its interests: commerce ministry on U.S. tariffs
BEIJING, April 21 (Xinhua) — China firmly opposes any deal between the United States and its trading partners at the expense of Chinese interests, a spokesperson for the Ministry of Commerce said on Monday.
If such a situation arises, China will not accept it and will resolutely take corresponding countermeasures, said the spokesperson in a statement, adding that the country has both the resolve and the capability to safeguard its legitimate rights and interests.