Connect with us

Media

တရုတ်နိုင်ငံက ဆက်သွယ်ရေးနည်းပညာ စမ်းသပ်ဂြိုဟ်တုသစ် လွှတ်တင်

တရုတ်နိုင်ငံက ဆက်သွယ်ရေးနည်းပညာ စမ်းသပ်ဂြိုဟ်တုသစ်တစ်စင်းကို နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အာကာသထဲသို့ မေ ၁၃ ရက်က လွှတ်တင်ခဲ့ကြောင်း သိရသည်။
ပေကျင်းစံတော်ချိန် နံနက် ၂ နာရီ ၉ မိနစ်က Long March-3C ဒုံးပျံဖြင့် လွှတ်တင်ခဲ့သည့် အဆိုပါဂြိုဟ်တုမှာ သတ်မှတ်ဂြိုဟ်ပတ်လမ်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်သွားကြောင်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာက ဆိုသည်။
ရေဒီယိုလှိုင်းခွင် အမျိုးမျိုးကို ဖမ်းယူနိုင်သည့် မြန်နှုန်းမြင့် ဆက်သွယ်ရေးနည်းပညာ စမ်းသပ်အတည်ပြုမှုများ လုပ်ဆောင်ရန် ၎င်းဂြိုဟ်တုအား အဓိကအသုံးပြုမည်ဖြစ်ကာ ယင်းဂြိုဟ်တုလွှတ်တင်မှုမှာ Long March သယ်ဆောင်ရေးဒုံးပျံ စီးရီး၏ ၅၇၅ ကြိမ်မြောက် မစ်ရှင်ဖြစ်ကြောင်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာ၏ အဆိုအရ သိရသည်။ (Xinhua)
……………….
(English Version)
China launches new communication technology test satellite
STORYLINE:
China sent a new communication technology test satellite into space from the Xichang Satellite Launch Center in southwest Sichuan Province on Tuesday.
Launched at 2:09 a.m. (Beijing Time) aboard a Long March-3C rocket, the satellite has entered its planned orbit successfully, the launch center said.
The satellite will be used mainly to carry out multi-band and high-speed communication technology validation tests. The launch was the 575th mission of the Long March carrier rocket series, according to the center.