Connect with us

Media

တရုတ်နိုင်ငံက လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံ ၅ နိုင်ငံပေါ် ဗီဇာကင်းလွတ်ခွင့်မူဝါဒ ကျင့်သုံးရန် ဆုံးဖြတ်

ပေကျင်း၊ မေ ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံ ၅ နိုင်ငံပေါ် ဗီဇာကင်းလွတ်ခွင့်မူဝါဒ ကျင့်သုံးရန် ဆုံးဖြတ်ထားကြောင်း၊ ထို့ပြင် အဆိုပါမူဝါဒလွှမ်းခြုံသော ဒေသတွင်းနိုင်ငံအတိုင်းအတာကို အလျဉ်းသင့်သလို တိုးချဲ့သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မေ ၁၃ ရက်တွင် ပြောကြားခဲ့သည်။
ရှီကျင့်ဖိန်က ပေကျင်းမြို့၌ကျင်းပသော တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) ဖိုရမ် စတုတ္ထအကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဓိကမိန့်ခွန်းပြောကြားစဉ်တွင် အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………
(English Version)
China to offer visa-free policy to 5 countries in Latin America and the Caribbean: Xi
BEIJING, May 13 (Xinhua) — China has decided to offer a visa-free policy to five countries in Latin America and the Caribbean, and will expand the policy to cover more regional countries in due course, Chinese President Xi Jinping said on Tuesday.
Xi made the remarks in a speech at the opening ceremony of the fourth ministerial meeting of the China-CELAC (Community of Latin American and Caribbean States) Forum in Beijing. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.