Connect with us

North America

Pfizer အားဖြည့်ကာကွယ်ဆေးက ကိုဗစ်-၁၉ ရောဂါအား အပြည့်အဝကာကွယ်ပေးဟုဆို

ဝါရှင်တန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

Pfizer နှင့် BioNTech တို့က လူများစွာပါဝင်သော ကိုဗစ်-၁၉ (COVID-19) အားဖြည့်ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုတွင် ရောဂါအား အပြည့်အဝကာကွယ်ပေးနိုင်သည်ကို ပြသလျက်ရှိကြောင်း အောက်တိုဘာ ၂၁ ရက်က ကြေညာခဲ့သည်။လက်တွေ့စမ်းသပ်မှု အဆင့် ၃ တွင် Pfizer-BioNTech အားဖြည့်ကာကွယ်ဆေးကို အသက် ၁၆ နှစ်နှင့်အထက် လူ ၁၀,၀၀၀ ကျော်အား ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် ယခင်က Pfizer-BioNTech ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူများ ဖြစ်သည်။

လက်တွေ့စမ်းသပ်မှုအရ အားဖြည့်ကာကွယ်ဆေးထိုးနှံထားခြင်း မရှိသူများနှင့် နှိုင်းယှဉ်ပါက ကာကွယ်ဆေး အာနိသင်ထိရောက်မှုအနေဖြင့် ၉၅.၆ ရာခိုင်နှုန်း ရှိကြောင်း ဖော်ပြထားသည်။

ယခုရလဒ်များမှာ ကိုဗစ်-၁၉ အားဖြည့်ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုအား အလျဉ်းသင့်သလို စမ်းသပ်ခြင်းမှ ပထမဆုံး ဆေးအာနိသင်ရလဒ်များဖြစ်သည်။

“ဒီရောဂါကနေ လူတွေကို ကောင်းမွန်စွာကာကွယ်ပေးဖို့ ရည်ရွယ်ထားတဲ့အတွက် ဒီရလဒ်တွေက အားဖြည့်ကာကွယ်ဆေးတွေရဲ့ အကျိုးကျေးဇူးတွေကို ထပ်မံသက်သေပြုပေးတာဖြစ်ပါတယ်” ဟု Pfizer ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Albert Bourla က ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနက Pfizer-BioNTech ကိုဗစ်-၁၉ ကာကွယ်ဆေးအတွက် အားဖြည့်ကာကွယ်ဆေးများအား ယခင်လက ခွင့်ပြုခဲ့ကြောင်း၊ အသက် ၆၅ နှစ်နှင့်အထက်ရှိသူများအနေဖြင့် ယခင်ကာကွယ်ဆေးများ ထိုးနှံပြီး အနည်းဆုံး ၆ လအကြာ၌ Pfizer-BioNTech အားဖြည့်ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံရန် ခွင့်ပြုထားကြောင်း သိရသည်။ (Xinhua)

#US, #Pfizer, #BoosterShot, #COVID_19, #Protection, #Xinhua, #Myanmar, #XinhuaMyanmar, #အမေရိကန်, #အားဖြည့်ကာကွယ်ဆေး, #ကိုဗစ်_၁၉, #ကာကွယ်ခြင်း, #ဆင်ဟွာ
———————————————–
(English Version)

Pfizer says its vaccine booster restores full protection against COVID-19

WASHINGTON, Oct. 21 (Xinhua) — Pfizer and BioNTech announced Thursday that a large-scale trial of their COVID-19 vaccine booster showed it restored full protection against the disease.
In a Phase 3 randomized, controlled trial, a Pfizer-BioNTech booster dose was administered to more than 10,000 individuals 16 years of age and older, who previously received the Pfizer-BioNTech primary two-dose series.

It showed a relative vaccine efficacy of 95.6 percent when compared to those who did not receive a booster.
These are the first efficacy results from any randomized, controlled COVID-19 vaccine booster trial.

“These results provide further evidence of the benefits of boosters as we aim to keep people well-protected against this disease,” said Albert Bourla, Pfizer chairman and chief executive officer.
Last month, the U.S. Food and Drug Administration authorized the booster shots for the Pfizer-BioNTech COVID-19 vaccine, allowing a single booster dose of the Pfizer-BioNTech vaccine be administered at least 6 months after completion of the primary series to individuals 65 years of age and older. Enditem
Undated photo shows a vial of Pfizer/BioNTech COVID-19 vaccine. (BioNTech/Handout via Xinhua)