Connect with us

Asia

RCEP က အာဆီယံ၏ စီးပွားရေးအား ကိုဗစ်-၁၉ မှ ပြန်လည်နာလန်ထူရန် မြှင့်တင်ပေးမည်ဟု စင်ကာပူ ပညာရှင်ပြော

တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တောင်ပိုင်း Beibu ပင်လယ်ကွေ့ဆိပ်ကမ်း၏ Qinzhou ဆိပ်ကမ်းအား တွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူ၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ကိုဗစ်-၁၉ (COVID-19) ကပ်ရောဂါဖြစ်ပွားနေသည့်ကြားမှ စီးပွားရေး ပြန်လည်နာလန်ထူရေးအတွက် ကြိုးပမ်းစဉ် ဒေသတွင်း ဘက်စုံမိတ်ဖက်နိုင်ငံဆက်ဆံရေး (RCEP) ကလည်း ဆောလျင်စွာ အသက်ဝင်လာခြင်းသည် လုပ်ငန်းစဉ်အား အရှိန်မြှင့်တင်သွားမည်ဖြစ်သလို တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကလည်း အရေးပါကြောင်း စင်ကာပူ ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင် ၁၀ နိုင်ငံအပြင် တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ နယူးဇီလန်နှင့် ဩစတြေးလျ နိုင်ငံများ အပါအဝင် အာရှ-ပစိဖိတ်နိုင်ငံ ၁၅ နိုင်ငံက ယမန်နှစ် နိုဝင်ဘာလက လက်မှတ်ရေးထိုးထားသော RCEP သည် ကမ္ဘာ့အကြီးဆုံး လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်ဖြစ်သည်။

အမေရိကန်ဒေါ်လာ ၂၆.၂ ထရီလီယံ ရှိသော ဂျီဒီပီ (GDP) ပေါင်းစည်းထားသော ဒေသတစ်ခု သို့မဟုတ် ကမ္ဘာ့ဂျီဒီပီ၏ ၃၀ ရာခိုင်နှုန်းခန့်ဖြစ်သော RCEP သည် မကြုံစဖူးသော၊ ခေတ်မီသော၊ ဘက်စုံပါဝင်သော၊ အရည်အသွေးမြင့်၍ အပြန်အလှန် ကြီးမားသောဒေသဆိုင်ရာ ကုန်သွယ်မှုအစီအစဉ်တစ်ခုဖြစ်ပြီး နိုင်ငံအမျိုးမျိုး၏ အကျိုးစီးပွားများ၊ အခြေအနေများနှင့် ဦးစားပေးမှုများကို လိုက်လျောညီထွေဖြစ်စေကြောင်း သိရသည်။

အဆိုပါ သဘောတူညီချက် အသက်ဝင်ချိန်ပါက လာမည့် နှစ် ၂၀ အတွင်း လက်မှတ်ရေးထိုးထားသော နိုင်ငံများအကြား စည်းကြပ်ခွန်များကို ၉၀ ရာခိုင်နှုန်းခန့် လျှော့ချပေးသွားမည်ဖြစ်သည်။

“ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးနိုင်ငံများအနက် အပါအဝင်ဖြစ်တဲ့ တရုတ်နိုင်ငံ မပါဝင်ဘဲ RCEP ဟာ အကျိုးရှိတဲ့ လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်တစ်ခု ဖြစ်လာမှာမဟုတ်ပါဘူး” ဟု စင်ကာပူ နိုင်ငံတကာရေးရာအင်စတီကျု အကြီးတန်းအဖွဲ့ဝင် Oh Ei Sun က ဆင်ဟွာသို့ အောက်တိုဘာ ၂၅ ရက်က ပြောကြားခဲ့သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ကပ်ရောဂါဖြစ်ပွားပြီးနောက် ၎င်းတို့၏ စီးပွားရေးကို ပြန်လည်ထူထောင်ရန် ကြိုးပမ်းမှုအဖြစ် တရုတ်နိုင်ငံ၏ တိုးမြှင့်လာသော ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုရန် စိတ်အားထက်သန်လျက်ရှိသည်။ ၎င်းတို့သည် စီးပွားရေးအခွင့်အလမ်းများအတွက် တရုတ်နိုင်ငံ၏ ကြီးမားလှသော ပြည်တွင်းဈေးကွက်ထံ ပိုမိုချဲ့ထွက်ရန်လည်း စိတ်အားထက်သန်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် အားလျော့သွားပြီးနောက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ဖော်ထုတ်ရန် အပြင်းအထန်ကြိုးစားလုပ်ကိုင်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် “လူကဖန်တီးထားသော သတ်မှတ်မှုမပါဝင်ဘဲ စီးပွားရေးပြန်လည်နိုးကြားလာရေး ကြိုးပမ်းဆောင်ရွက်မှုအပေါ် အလွန်ပင် အထောက်အကူဖြစ်စေပါလိမ့်မယ်” ဟု Oh က ဖြည့်စွက်ပြောခဲ့သည်။

“RCEP ဟာ အဲဒီလိုအတားအဆီးတွေကို လျှော့ချဖို့နဲ့ ဖယ်ရှားဖို့၊ ကုန်စည်များနဲ့ ဝန်ဆောင်မှုတွေကို ပိုမိုလွတ်လပ်စွာ ကုန်သွယ်နိုင်တဲ့ ကမ္ဘာ့အကြီးဆုံး ဘုံဈေးကွက် ဖန်တီးဖို့ အထူးအသုံးဝင်မှာဖြစ်ပြီး ဒါမှသာ ဒေသတွင်းနဲ့ ကမ္ဘာ့စီးပွားရေး ပြန်လည်နိုးထမှုတွေကို အရှိန်မြှင့်တင်မှာဖြစ်ပါတယ်” ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။

အနည်းဆုံး အာဆီယံ အဖွဲ့ဝင် နိုင်ငံခြောက်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်မဟုတ်သော နိုင်ငံသုံးနိုင်ငံတို့၏ သဘောတူညီချက်ကို အတည်ပြုလက်မှတ်ရေးထိုးခြင်းများက RCEP အား အသက်ဝင်လာရေးအတွက် သတ်မှတ်အဆင့်သို့ ရောက်ရှိရန် လိုအပ်ကြောင်း၊ တရုတ်၊ ဘရူနိုင်ငံ၊ ထိုင်း၊ စင်ကာပူ၊ ဂျပန်နှင့် ကမ္ဘောဒီးယား နိုင်ငံများကမူ သဘောတူညီချက်ကို အတည်ပြုလက်မှတ်ရေးထိုးခြင်း ပြီးစီးထားသည့် နိုင်ငံများဖြစ်ကြောင်း သိရသည်။

RCEP အား လက်မှတ်ရေးထိုးခြင်းသည် ကမ္ဘာကြီးက လွတ်လပ်သောကုန်သွယ်မှုနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုမှ နောက်ကြောင်းပြန်လှည့်ကာ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒနှင့် တစ်ဖက်သတ်ဝါဒဆီသို့ ဦးတည်သွားနေသည့် အန္တရာယ်ရှိသော ရေစီးကြောင်း၏ သက်သေအဖြစ် “အလွန်အရေးပါသော အဆင့်” တွင် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း Oh က ပြောခဲ့သည်။

ကမ္ဘာ့အကြီးဆုံး လွတ်လပ်သောကုန်သွယ်မှုဧရိယာအား မဆုတ်မနစ် တည်ဆောက်ခြင်းဖြင့် RCEP အဖွဲ့ဝင် ၁၅ နိုင်ငံသည် အားလုံးအတွက် ဘုံဈေးကွက်တစ်ခုတွင် အကျိုးကျေးဇူးများ အတူတကွ ရရှိရန် ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများထံ သရုပ်ဖော်ပြသရန် ကြိုးပမ်းလျက်ရှိကြောင်း၊ သို့မှသာ ကမ္ဘာတစ်ဝန်း လွတ်လပ်သော ကုန်သွယ်မှုနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်က ကမ္ဘာအနှံ့ ပြန်လည်သစ်လွင်လာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Oh ၏ အမြင်အရ စင်ကာပူနိုင်ငံသည် RCEP အား သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးသည့် ပထမဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်ခြင်းမှာ အံ့ဩဖွယ်မရှိဟု ဆိုသည်။

စင်ကာပူနိုင်ငံသည် ဒေသတွင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေး အဓိကအချက်အချာများအနက် တစ်နိုင်ငံဖြစ်ကြောင်း၊ ၎င်း၏စီးပွားရေးသည် သင့်တင့်လျောက်ပတ်သော လွတ်လပ်သောကုန်သွယ်မှု လုပ်ဆောင်ချက်အပေါ် ကြီးကြီးမားမား အမှီပြုလျက်ရှိသည်။ စင်ကာပူနိုင်ငံအနေဖြင့် ဖြစ်နိုင်သမျှမြန်မြန် RCEP ရှိ ဘုံဈေးကွက်တွင် ပိုမိုထဲထဲဝင်ဝင်၊ ကျယ်ကျယ်ပြန့်ပြန့်နှင့် လွတ်လပ်စွာ ကုန်သွယ်မှုဆက်ဆံနိုင်ရန် မျှော်လင့်ထားကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ (Xinhua)

————————————
(English Version)
Interview: RCEP to boost ASEAN’s economic recovery from COVID-19, says Singapore scholar
Source: Xinhua| 2021-10-25 16:14:34|Editor: huaxia
SINGAPORE, Oct. 25 (Xinhua) — While the ASEAN member states are striving towards economic recovery amid the COVID-19 pandemic, the Regional Comprehensive Economic Partnership’s (RCEP) entry into force at an early date would surely accelerate the process, in which China’s role is important, a Singapore scholar said.
RCEP, signed by 15 Asia-Pacific countries including 10 Association of Southeast Asian Nations (ASEAN) member states as well as China, South Korea, Japan, New Zealand and Australia in November last year, is the world’s largest free trade deal.
Covering a region with a combined GDP of 26.2 trillion U.S. dollars, or about 30 percent of global GDP, RCEP is an unprecedented, modern, comprehensive, high-quality and reciprocal mega-regional trading arrangement that accommodates the broadest possible interests, conditions and priorities of different countries.
Once in effect, the deal will eliminate tariffs on as much as 90 percent of goods traded between its signatories over the next 20 years.
“An RCEP without China is not an impactful free-trade pact, as China is among the world’s largest trading nations,” Oh Ei Sun, senior fellow at Singapore Institute of International Affairs, told Xinhua on Monday.
ASEAN countries are eager to welcome China’s increased investments as they try to revive their economy after the pandemic. They are also eager to explore further China’s large domestic market for business opportunities, he said.
ASEAN countries are working hard to resuscitate economic development after the debilitating effect of the coronavirus pandemic, Oh said, adding that it would be “very helpful if the economic revival efforts.”
“RCEP is especially useful in reducing and removing such obstacles, creating the world’s largest common market, where goods and services could be more freely traded, thus accelerating the regional and world economic revivals,” he noted.
Ratifications of at least six ASEAN member states and three non-ASEAN member countries are needed to reach the threshold for RCEP to enter into force. Countries that have completed the ratification procedures include China, Brunei, Thailand, Singapore, Japan and Cambodia.
The signing of RCEP happened at “a very critical juncture” as the world was witnessing a dangerous trend in retreating from free trade and multilateralism and advancing toward protectionism and unilateralism, according to Oh.
By resolutely building up the world’s largest free trade area, the 15 members of RCEP try to demonstrate to the rest of the world the advantages of prospering together in a common market for all, thus renewing the worldwide momentum for free trade and multilateralism, he said.
As Oh views it, Singapore being one of the first members to ratify RCEP is not surprising.
Singapore is one of the major regional and global trading hubs and its economy depends to a large extent on the proper functioning of free trade. Singapore looks forward to deeper, broader and freer trading relations in the common market envisioned in RCEP, as early as possible, he noted. Enditem
Aerial photo taken on July 30, 2020 shows a view of the Qinzhou terminal of the Beibu Gulf Port in south China’s Guangxi Zhuang Autonomous Region. (Photo by Xu Zhiyan/Xinhua)