Connect with us

China

ခရိုအေးရှားက တရုတ်တစ်နိုင်ငံတည်းမူဝါဒကိုလိုက်နာကြောင်း ထပ်လောင်းအတည်ပြုပြောကြား

ခရိုအေးရှားသမ္မတ ဇိုရန် မီလန်နိုဗစ် (Zoran Milanovic) (ရှေ့တန်း ယာဘက်) က ၂၀၂၁ ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင် ခရိုအေးရှားနိုင်ငံ Kninမြို့၌ အောင်ပွဲနှင့် အမိမြေ ကျေးဇူးတော်နေ့နှင့် ခရိုအေးရှားခုခံကာကွယ်သူများနေ့ အခမ်းအနားတွင် တပ်မတော်အား ကြည့်ရှုစစ်ဆေးနေစဉ် (ဓာတ်ပုံ-- Milan Sabic/Pixsell via Xinhua)

ဇာဂရပ်ဘ်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ခရိုအေးရှားသမ္မတ ဇိုရန် မီလန်နိုဗစ် (Zoran Milanovic) က တရုတ်တစ်နိုင်တည်းမူဝါဒကို လိုက်နာကြောင်းနှင့် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို လေးစားကြောင်း ကြာသပတေးနေ့ (ဒီဇင်ဘာ ၁၆ ရက်) တွင် အတည်ပြုပြောကြားခဲ့သည်။

ဇာဂရပ်ဘ်မြို့ သည် ခရိုအေးရှား-တရုတ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အလွန်အရေးကြီးကြောင်းနှင့် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုအဆင့်ကို အားရကျေနပ်ကြောင်း မီလန်နိုဗစ် က ပြောကြားခဲ့သည်။
ခရိုအေးရှားနိုင်ငံဆိုင်ရာ တရုတ်၏အသစ်ခန့်အပ်ခံရသော သံအမတ်ကြီး Qi Qianjin က ခရိုအေးရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် နယ်ပယ်အသီးသီးတွင် အဆင့်မြင့်ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပြီး ခရိုအေးရှားနိုင်ငံသို့ တာဝန်ကျသည့် ၎င်း၏အထောက်အထားများကို Milanovic အား ပေးအပ်ခဲ့သည်။
Milanovic ကလည်း လာမည့် ပေကျင်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို ပြီးပြည့်စုံအောင်မြင်ပါစေကြောင်း ဆန္ဒပြုခဲ့သည်။

မကြာသေးမီနှစ်များအတွင်း တရုတ်-ခရိုအေးရှား ဘက်စုံပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်နိုင်ငံဆက်ဆံရေးသည် တက်ကြွစွာနှင့် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် သိသာထင်ရှားသော ရလဒ်များ ထွက်ပေါ်လာခဲ့ကြောင်း Qi က မှတ်ချက်ပြုပြီး ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးတွဲတည်ဆောက်မှု မူဘောင်အတွင်းနှင့် တရုတ်နိုင်ငံနှင့် ဥရောပအလယ်ပိုင်းနှင့် အရှေ့ပိုင်းနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုမူဘောင်အတွင်း ကူးလူးဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများမှာ အသီးအပွင့်များ ဖြစ်ထွန်းခဲ့ကြောင်း Qi ကဆိုသည်။

တရုတ်နိုင်ငံသည် နှစ်နိုင်ငံဆက်ဆံရေးကို စဉ်ဆက်မပြတ်မြှင့်တင်ရန်နှင့် နှစ်နိုင်ငံပြည်သူများကြား ချစ်ကြည်ရင်းနှီးမှုခိုင်မာစေရန်အတွက် ခရိုအေးရှားနှင့် လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း Qi က ပြောကြားခဲ့သည်။ (Xinhua)

……………………………….
Croatia reaffirms adherence to one-China principle
ZAGREB, Dec. 16 (Xinhua) — Croatian President Zoran Milanovic on Thursday reaffirmed his country’s adherence to the one-China principle and its respect for China’s sovereignty and security.
Zagreb attaches great importance to developing Croatia-China relations and is satisfied with the level of cooperation between the two countries, Milanovic said.
Qi Qianjin, China’s newly-appointed ambassador to Croatia, presented his credentials to Milanovic, who said that Croatia is willing to further strengthen high-level exchanges and cooperation with China in various fields.
Milanovic also wished the upcoming Beijing Winter Olympics a complete success.
In recent years, the China-Croatia comprehensive cooperative partnership has been developing actively and rapidly, and bilateral cooperation has yielded significant results, Qi noted, adding that the exchanges and cooperation within the framework of the joint construction of the Belt and Road and within the framework of cooperation between China and Central and Eastern European Countries have been fruitful.
China is willing to work with Croatia to continuously promote bilateral relations and strengthen the friendship between the two peoples, Qi said. Enditem