Connect with us

Economy

တရုတ်နိုင်ငံ ရထားလမ်းက ကပ်ရောဂါဖြစ်ပွားနေသည့်ကြားမှ တရုတ်နှင့် ဥရောပကြား ကုန်သွယ်ရေးပင်မလမ်းကြောင်း ဖြစ်လာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် ရှီးအန်းမြို့တွင် ကာဇက်စတန်နိုင်ငံသို့ သွားရောက်မည့် X9041 ရထားအား ရှီးအန်းနိုင်ငံတကာကုန်တင်စခန်းမှ ထွက်ခွာလာသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အမြန်မီးရထားလုပ်ငန်း (China Railway Express) သည် COVID-19 ရောဂါကြောင့် ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေကြောင်းနှင့် လေကြောင်း သယ်ယူပို့ဆောင်ရေးကွင်းဆက်များအပေါ် ကြီးမားသော နှောင့်နှေးမှုများ ဖြစ်ပေါ်နေသည့်ကြားမှ “တရုတ်မှ ဥရောပသို့ မော်တော်ကားမှ နေအိမ်သုံးကုန်စည်များအထိ အရာအားလုံးကို တင်ပို့ရန် ဈေးနှုန်းအသက်သာဆုံးနှင့် အလျင်မြန်ဆုံး” ဖြစ်လာကြောင်း Nikkei Asia က သတင်းဖော်ပြခဲ့သည်။တရုတ်နိုင်ငံနှင့် ဥရောပကြား ကုန်သွယ်ရေးအတွက် အဓိက ပင်မလမ်းကြောင်းအဖြစ်သို့ လျင်မြန်စွာ အသွင်ကူးပြောင်းလျက်ရှိသောကြောင့် လုပ်ငန်းလည်ပတ်လျက်ရှိသည်မှာ ဆယ်စုနှစ်တစ်ခုခန့်ကြာရှိပြီဖြစ်သော ရထားလုပ်ငန်းသည် ယခုအခါ ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်၏ ကျောရိုးဖြစ်လာခဲ့ကြောင်း Nikkei Asia က ဇွန် ၁၁ ရက်တွင် ထုတ်ပြန်သော သတင်း၌ ဖော်ပြထားသည်။

တင်ပို့လျက်ရှိသော ကုန်စည်များသည် လေကြောင်းနှင့် ရထားဝန်ဆောင်မှု စုပေါင်းခြင်းဖြင့် ပိုမို၍လျင်မြန်ပြီး ဈေးနှုန်းသက်သာလျက်ရှိကြောင်း၊ ပုံမှန်အားဖြင့် ဂျပန်နိုင်ငံမှ ဥရောပအထိ ပင်လယ်ရေကြောင်းဖြင့် ကုန်စည်တင်ပို့ရန် ရက်ပေါင်း ၄၀ ခန့် အချိန်ယူရမည်ဖြစ်ကြောင်း သတင်းက အသေးစိတ်ဖော်ပြထားသည်။

တရုတ်နိုင်ငံ ချန်ရှား သို့မဟုတ် ရှီးအန်းမှ ယင်းကုန်စည်များအား လေကြောင်းဖြင့် တင်ပို့ခြင်းနှင့် ယင်းကုန်စည်များကိုပင် China Railway Express ဖြင့် တင်ပို့ခြင်းကို နှိုင်းယှဉ်ပါက ရက်ပေါင်း ၂၀ မှ ၃၀ ကြား ကွာခြားနိုင်ပြီး ပျံသန်းမှုကုန်ကျစရိတ်ကိုလည်း ထက်ဝက်လျှော့ချနိုင်ကြောင်း သိရသည်။

ထို့ပြင် ဂျပန်နိုင်ငံ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့သယ်ပို့လုပ်ငန်း Nippon Express ကုမ္ပဏီက တရုတ်နိုင်ငံနှင့် ဥရောပရှိ ဂျပန်နှင့် ဥရောပကုမ္ပဏီများမှ ထုတ်လုပ်သော ပစ္စည်းကိရိယာများ၊ မော်တော်ကားအပိုပစ္စည်းများနှင့် အခြားထုတ်ကုန်များအား သယ်ယူပို့ဆေ ကပ်ရောဂါဖြစ်ပွားမှုကြောင့် စားသုံးသူများသည် အွန်လိုင်းမှဈေးဝယ်ခြင်းဆီသို့ ပြောင်းလဲလာသဖြင့် အမေရိကန်နှင့် ဥရောပတို့တွင် ကုန်စည်တောင်းဆိုချက်သည်လည်း မြင့်တက်လျက်ရှိသည်။ အာရှမှ ဥရောပသို့ ပင်လယ်ရေကြောင်း ကွန်တိန်နာတင်ပို့မှုများမှာ ယခုနှစ်ဖေဖော်ဝါရီလ၌ ၇၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး twenty-foot containers ၁.၁၆ သန်းခန့်ရှိသည်ကို တွေ့ရှိခဲ့ကြောင်း ဂျပန်နိုင်ငံ ပင်လယ်ရေကြောင်းစင်တာအရ သိရသည်။ (Xinhua)

——————————————
(English Version)

Chinese railway becomes trade artery between China, Europe amid pandemic: media

TOKYO, June 12 (Xinhua) — China Railway Express has become “a cheaper and quicker alternative to ship everything from cars to household goods from China to Europe” amid major disruptions to global maritime and air logistics chains due to COVID-19, Nikkei Asia has reported.

The railway, which has been operating for about a decade, has now become the “backbone” of the Belt and Road Initiative, as it “is quickly transforming into a major artery for trade between China and Europe,” Nikkei Asia said in a report on Friday.

Shipping goods is much faster and cheaper by combining air and rail service, the report elaborated, adding that it normally takes about 40 days to ship goods from Japan to Europe by sea.
In contrast, flying them to China’s Changsha or Xi’an, then loading them on the China Railway Express, takes 20 to 30 days and less than half the cost of flying them the entire way.
The report also mentioned that Japanese global logistics company Nippon Express leases space on the China Railway Express to transport appliances, auto parts and other products made by Japanese and European companies in China to Europe.

Owing to the pandemic, demand for cargo has surged in the United States and Europe as consumers turned to online shopping. The report found that maritime container shipments from Asia to Europe jumped 71 percent on the year in February to roughly 1.16 million twenty-foot containers, according to the Japan Maritime Center.

Meanwhile, traffic across the entire China Railway Express surged 75 percent on the year to 3,398 trains in January-March, after topping the annual record in 2020 with 12,406 trains, the report quoted the China State Railway Group as saying. Enditem

The X9041 train leaves Xi’an International Port for Kazakhstan in Xi’an, northwest China’s Shaanxi Province, April 13, 2021. Xi’an, capital of northwest China’s Shaanxi Province, on Tuesday saw the 1,000th China-Europe freight train trip this year. (Xinhua/Li Yibo)