Connect with us

Culture & Entertainment

တရုတ်နိုင်ငံ၌ ရှေးအကျဆုံးဟုယူဆရသော နှစ်ပေါင်း ၉၉,၀၀၀ သက်တမ်းရှိ အရိုးလက်နက်ကိရိယာအား တူးဖော် တွေ့ရှိ

ကျိနန်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ကျောက်ခေတ်ဦးရှာဖွေရေးနေရာတစ်ခု၌ ရှေးဟောင်းသုတေသနပညာရှင်များသည် လွန်ခဲ့သည့် နှစ်ပေါင်း ၉၉,၀၀၀ ဝန်းကျင်က ဆင်စွယ်ဂေါ်ပြား တစ်ခု အားတွေ့ရှိခဲ့ပြီး ၎င်းသည် တရုတ်နိုင်ငံတွင် တွေ့ရှိရသည့် အစောဆုံး အရိုးလက်နက်ကိရိယာများအနက် တစ်ခုဟု ယူဆရကြောင်း သိရသည်။ပြည်နယ်ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရှေးဟောင်းသုတေသနအဖွဲ့အစည်းမှ သုတေသနပညာရှင်တစ်ဦးဖြစ်သူ Li Gang က Yishui ကောင်တီတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းအပိုင်းသည် ၈ မီတာနီးပါးထူသည်ဟု ပြောကြားခဲ့သည်။ ယဉ်ကျေးမှုပိုင်းဆိုင်ရာအလွှာ ရှစ်ခုကို တူးဖော်တွေ့ရှိခဲ့ပြီး ကျောက်တုံးများ၊ အရိုးများ၊ သွားများနှင့် ဦးချိုထွက်ကုန်များအပြင် တိရစ္ဆာန်ကျောက်ဖြစ်ရုပ်ကြွင်း များအပါအဝင် အစိတ်အပိုင်း ၅၀၀၀ ကျော်ကို တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။

လွန်ခဲ့သောနှစ်ပေါင်း ၁၀၀,၀၀၀ ဝန်းကျင်က လက်တွေ့အသုံးပြုသော လက်နက်ကိရိယာများပြုလုပ်ရန်အတွက် အသုံးပြုခဲ့သော ဆင်စွယ်ရုပ်ကြွင်းများကို ကမ္ဘာတစ်ဝန်းတွင် ရှာဖွေတွေ့ရှိမှုမှာ ရှားပါးလှကြောင်း သိရသည်။

ရှာဖွေတွေ့ရှိခဲ့သော ဆင်စွယ် ဂေါ်ပြားနှင့် တွေ့ရှိနေရာမှ မြေလွှာတို့ကို ယူရေနီယမ် ရေဒီယိုသတ္တိကြွနည်းပညာနှင့် အလင်းရောင်ထုတ်လွှတ်ခြင်းနည်းလမ်း တို့ဖြင့် သက်တမ်းသတ်မှတ်ခဲ့ ကြောင်း လီကဆိုသည်။ တွေ့ရှိရသော နေ့စွဲအချက်အလက်များအရ ၎င်းတို့သည် နှစ်ပေါင်း ၉၉,၀၀၀ မှ ၁၀၄,၀၀၀ ကြား သက်တမ်း ရှိကြောင်း သိရသည်။

အဆိုပါ ရှေးဟောင်းပစ္စည်းများသည် အစောပိုင်းလူသားများ၏ နေထိုင်မှုပုံစံနှင့် ကိရိယာများ ဖန်တီးမှုတို့ကို ထင်ဟပ်နေပြီး တရုတ်နိုင်ငံနှင့် အရှေ့အာရှရှိ ရှေးခေတ်လူသားများ၏ ဆင့်ကဲပြောင်းလဲမှုဆိုင်ရာ လေ့လာမှုအတွက် အရေးပါသည်ဟု လီက ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(English Version)

99,000-yr-old bone tool believed to be oldest in China

JINAN, Nov. 24 (Xinhua) — Archaeologists have unearthed an ivory shovel dating back around 99,000 years at a paleolithic site in east China’s Shandong Province, which is believed to be one of the earliest grinding bone tools found in China.

Li Gang, a researcher of the provincial cultural relics and archaeological institute, said the strata of the site discovered in Yishui County is nearly eight meters thick. Eight cultural layers were uncovered and more than 5,000 pieces of stone artifacts, bone, tooth and horn products as well as animal fossils were excavated in the site.
It is rare worldwide to have discovered ivory relics used for making practical tools around 100,000 years ago.

Li said the ivory shovel and the soil of the same layer from the site were dated with both the uranium series method and photoluminescence method. The dating data show they are 99,000 and 104,000 years old, respectively.
The artifacts reflect the lifestyle and tool-making of early human beings, and are significant to the study on the evolution of ancient humans in China and East Asia, said Li. Enditem