Africa & Middle East
ပါကစ္စတန်နိုင်ငံ တောင်ပိုင်းတွင် ဘတ်စ်ကားတိုက်မှုကြောင့် လူ ၁၃ ဦးသေဆုံး၊ ၃၀ ကျော် ဒဏ်ရာရ
အစ္စလာမ်မာဘတ်၊ မေ ၂၀ ရက် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံတောင်ပိုင်း၊ ဆင်းဒ်ပြည်နယ်၊ Sukkur ခရိုင်၌ မေ ၂၀ ရက် နံနက် ပိုင်း လူစည်ကားတွင် ခရီးသည်တင်ဘတ်စ်ကား တစ်စီး လမ်းချိုးကွေ့စဉ် တိမ်းမှောက်သွားရာ အနည်းဆုံး လူ ၁၃ ဦး သေဆုံးပြီး၊ အခြား လူ ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းခဲ့ကြောင်း သိရသည်။
ဘတ်စ်ကားသည် အရှေ့ပန်ဂျပ်ပြည်နယ်၊ Multanမြို့မှ နိုင်ငံ၏တောင်ပိုင်းဆင်းဒ်ပြည်နယ်၏ မြို့တော် Karachi မြို့သို့ ဦးတည်မောင်းနှင်စဉ် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း၊ အကြီးတန်းရဲအရာရှိ Sukkur Irfan Samo က မီဒီယာသို့ပြောကြားခဲ့သည်။
ယာဉ်မတော်တဆမှုဖြစ်ပွားရသည့်အကြောင်းအရင်းအားစုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီး ယာဉ်မောင်းသည် ကားကို အရှိန်ဖြင့်မောင်းနှင်လာစဉ် အကွေ့၌ အရှိန်မထိန်းနိုင် တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း သတင်းအရင်းအမြစ်များကို ကိုးကား၍ အချို့သောဒေသခံမီဒီယာများက ဖော်ပြခဲ့ကြသည်။
ထိခိုက်ဒဏ်ရာရရှိသူများအား Rohri ခရိုင်ရှိ ဆေးရုံတစ်ခုသို့ ခေါ်ဆောင်ခဲ့ပြီး ၆ ဦးမှာ အခင်းဖြစ်ပွားသည့်နေရာ၌ ပွဲချင်းပြီး သေဆုံးသွားကြောင်း ၊ အခြားထိခိုက်ဒဏ်ရာရရှိသူများထဲတွင် ဆေးရုံသို့ ပို့ဆောင်စဉ် သို့မဟုတ် ဆေးရုံသို့ရောက်ရှိစဉ် ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း ဆေးရုံမှ ဆေးဘက်ဆိုင်ရာကြီးကြပ်ရေးမှူး Pervaiz Akhtar ကပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူ ၆ ဦး မှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိပြီး၊ ဆေးရုံမှ အကောင်းဆုံးကုသမှု ပေးနေကြောင်း Akhtar ကဖြည့်စွက်ပြောကြားသည်။ ၎င်းတို့ထဲမှ အချို့ကို ခရိုင်ရှိ အခြားဆေးရုံများသို့ လွှဲပြောင်းသွားမည်ဖြစ်သည်။
ဒေသခံသတင်းများအရသေဆုံးသူများနှင့်ဒဏ်ရာရသူအားလုံးသည် Multan မှဖြစ်ပြီး Eid al-Fitr အားလပ်ရက်တွင် နေအိမ်၌ အချိန်ကုန်ဆုံးပြီး နောက် Karachi သို့ အလုပ်ပြန်လုပ်ရန် သွားရောက်စဉ် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
COVID-19 ဖြစ်ပွားနေစဉ် Eid အားလပ်ရက်များအတွင်း ပြည်နယ်များအကြား တစ်ပတ်တာ ခရီးသွားလာခွင့် ပိတ်ပင်ထားမှုကိုရုပ်သိမ်းလိုက်ပြီး အစိုးရအနေဖြင့် အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် ယာဉ်များပြေးဆွဲရန် တနင်္ဂနွေနေ့တွင် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။(Xinhua)
———————————–
(English Version)
13 killed, over 30 injured in S. Pakistan bus crash
ISLAMABAD, May 20 (Xinhua) — At least 13 people were killed and over 30 others injured when a passenger bus turned turtle in Sukkur district of Pakistan’s southern Sindh province in the wee hours of Thursday morning, local media reported.
The bus was on its way to the country’s southern port city of Karachi, the provincial capital of Sindh, from Multan city of the eastern Punjab province, Senior Superintendent of Police in Sukkur Irfan Samo told the media.
Investigation into the cause of the accident is underway, and some local media reports quoted sources as saying that the bus driver lost control over the over-speeding vehicle while negotiating a sharp turn.
The injured have been shifted to a hospital in Rohri area of the district and the medical superintendent of the hospital Pervaiz Akhtar told the media that six people died on the spot while others succumbed to injuries on the way to the hospital or in the hospital.
Akhtar added that six of the injured are in critical condition and the hospital is providing the best possible medical treatment to them. Some of them will be shifted to other hospitals of the district.
Local reports said all of the killed and injured came from Multan and were on their way back to work in Karachi after spending the Eid al-Fitr holiday at home.
The government allowed inter-provincial public transport from Sunday, lifting a week-long ban on traveling between the provinces during Eid holidays amid COVID-19. Enditem