Connect with us

Asia

မလေးရှားနိုင်ငံတွင် ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူ ၈ ဦး၊ နေရပ်ရွှေ့ပြောင်းရသူ ၆၄,၀၀၀ ဦးရှိ

မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် Shah Alam ရှိ ရေလွှမ်းမိုးနေသော လမ်းမတစ်နေရာ၌ လမ်းဖြတ်ကူးနေသူများအား ဒီဇင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံတွင် ဒီဇင်ဘာ ၂၀ ရက်အထိ ပြင်းထန်သောရေလွှမ်းမိုးမှုကြောင့် သေဆုံးသူအရေအတွက် ၈ ဦးရှိကြောင်း ဆီလန်ဂေါပြည်နယ် အာဏာပိုင်များက ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် Shah Alam တွင် ရေဘေးသင့်သူတစ်ဦးကို ဘေးလွတ်ရာရွှေ့ပြောင်းပေးသော ကယ်ဆယ်ရေးသမားများအား ဒီဇင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် Shah Alam တွင် ရေဘေးသင့်သူများအား ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းပေးနေသော ကယ်ဆယ်ရေးသမားများအား ဒီဇင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် Shah Alam ရှိ ရေလွှမ်းမိုးနေသောလမ်းမတစ်နေရာ၌ လမ်းဖြတ်ကူးနေသော ရေဘေးသင့်သူများအား ဒီဇင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် Shah Alam တွင် ရေဘေးသင့်သူများအား ကယ်ဆယ်ရေးသမားများက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေသည်ကို ဒီဇင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် Shah Alam တွင် ရေလွှမ်းမိုးနေသော လမ်းမတစ်နေရာ၌ ဖြတ်သန်းသွားလာနေသော ရေဘေးသင့်သူတစ်ဦးအား ဒီဇင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် Shah Alam တွင် ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးနေသော ကယ်ဆယ်ရေးသမားများအား ဒီဇင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် Shah Alam တွင် ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးနေသော ကယ်ဆယ်ရေးသမားများအား ဒီဇင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် Shah Alam ရှိ ရေလွှမ်းမိုးနေသော လူနေရပ်ကွက်တစ်ခုအား ဒီဇင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် Shah Alam ရှိ ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာရွှေ့ပြောင်းနေသော ကယ်ဆယ်ရေးသမားများအား ဒီဇင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် Shah Alam ရှိ ရေလွှမ်းမိုးနေသော လူနေရပ်ကွက်တစ်ခုအား ဒီဇင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆီလန်ဂေါပြည်နယ်ရှိ ခရိုင်များစွာ၌ ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ပြီး လူ ၈ ဦးသေဆုံးခဲ့သည်ဟု နိုင်ငံပိုင် Bernama သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

မလေးရှားနိုင်ငံတွင် ရေလွှမ်းမိုးမှုကြောင့် ပြည်နယ် ၇ ခုနှင့် ကွာလာလမ်ပူမြို့တော်တွင် ဒီဇင်ဘာ ၂၀ ရက် ဒေသစံတော်ချိန် ည ၁၀:၀၀ နာရီအထိ နေရပ်ရွှေ့ပြောင်းရသူ အရေအတွက်မှာ ၆၄,၀၀၀ ကျော် အထိ မြင့်တက်လာကြောင်း မလေးရှား လူမှုဖူလုံရေးဦးစီးဌာနမှ အချက်အလက်များအရ သိရသည်။

မလေးရှားကျွန်းဆွယ် အရှေ့ပိုင်းကမ်းရိုးတန်းတစ်လျှောက်တွင် ရေလွှမ်းမိုးမှု အဆိုးဝါးဆုံးပြည်နယ်မှာ Pahang ပြည်နယ်ဖြစ်ပြီး ရေလွှမ်းမိုးမှုကယ်ဆယ်ရေးစင်တာများသို့ ရွှေ့ပြောင်းနေထိုင်သူ ၃၄,၀၀၀ ကျော်ရှိကြောင်း၊ ယင်းနောက်တွင် ဆီလန်ဂေါပြည်နယ်တွင် ရွှေ့ပြောင်းနေထိုင်သူ ၂၄,၀၀၀ ရှိကြောင်း သိရသည်။

ကွာလာလမ်ပူမြို့တော်တွင် ရေလွှမ်းမိုးမှုအခြေအနေမှာ SMART တူးမြောင်း (SMART Tunnel) ဟု လူသိများသော ရေလွှမ်းမိုးမှုလျော့ပါးရေးအဆောက်အအုံကြောင့် သက်သာလျက်ရှိကြောင်း တူးမြောင်းကို စီမံဆောင်ရွက်သော ကုမ္ပဏီက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

ရေနုတ်မြောင်းကွန်ရက်မှတစ်ဆင့် ရေများမထွက်လာမီ ရေပိုရေလျှံများကို ထိန်းသိမ်းရန် ပုံစံရေးဆွဲတည်ဆောက်ထားသော အဆိုပါ တူးမြောင်းသည် ရေပိုရေလွှဲ စတုရန်းမီတာ ၄.၉ သန်းခန့်အား မြို့တော်သို့ လမ်းကြောင်းလွှဲပေးလျက်ရှိပြီး ည ၈:၀၀ နာရီခန့်က ဖွင့်လှစ်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

မလေးရှားနိုင်ငံ၏ မိုးလေဝသဌာနက ပြည်နယ်များစွာ၌ ဒီဇင်ဘာ ၂၂ ရက်တွင် မိုးရွာသွန်းခြင်းနှင့် မုန်တိုင်းများ ကျရောက်မည်ဟု ခန့်မှန်းထားပြီး မလေးရှားကျွန်းဆွယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကို သတိပေးထားကြောင်း သိရသည်။

ဘေးလွတ်ရာရွှေ့ပြောင်းမှုနှင့် ရေကြီးရေလျှံမှု သက်သာရေး ကူညီရန် တပ်ဖွဲ့ဝင်များနှင့် ပစ္စည်းကိရိယာ အပါအဝင် အရင်းအမြစ်များ တပ်ဖြန့်ထားကြောင်း ဝန်ကြီးချုပ် အစ္စမေး ဆာဘရီ ယာကွတ် (Ismail Sabri Yaakob) က ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

နိုင်ငံအတွင်း ရေလွှမ်းမိုးနေဆဲနေရာများ၌ ပိတ်မိနေသူများရှိနေဆဲဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် တည်ငြိမ်စွာရှိနေကြရန် ၎င်းက ပြောကြားခဲ့သည်။

“ရေလွှမ်းမိုးမှုကြောင့် သောင်တင်နေတဲ့သူတွေရဲ့ ဘေးကင်းမှုအတွက် ပြည်သူများ စိုးရိမ်ပူပန်မှုကို နားလည်ပါတယ်။ ပြီးတော့ ကျွန်တော် အလေးထားပြောခဲ့သလိုပဲ ကယ်ဆယ်ရေးကြိုးပမ်းအားထုတ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း မရပ်မနား ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောခဲ့သည်။ (Xinhua)

——————————-
(English Version)
Malaysia flood evacuees rise to 64,000, 8 deaths reported
Source: Xinhua| 2021-12-20 22:48:57|Editor: huaxia
KUALA LUMPUR, Dec. 20 (Xinhua) — Eight people have been reported dead due to severe flooding in Malaysia as of Monday, authorities in Selangor state said.
Selangor police chief Arjunaidi Mohamed said floods hit various districts in Selangor and claimed eight lives so far, according to state news agency Bernama.
The number of displaced persons due to flooding in Malaysia has risen to over 64,000 in seven states plus the Federal Territory of Kuala Lumpur as of 10:00 p.m. local time Monday, according to data from the Malaysian social welfare department.
The worst-hit state is Pahang along the east coast of Peninsula Malaysia, with over 34,000 people being evacuated to flood relief centers, followed by Selangor state with over 24,000 evacuated.
The flood situation in the capital of Kuala Lumpur has eased in part due to its flood mitigation facility, known as the SMART Tunnel, the company managing the tunnel said in a statement.
The tunnel, which is designed to capture floodwater before pumping it out via a drainage network, had been activated at around 8:00 p.m. Sunday, with some 4.9 million square meters of floodwater being diverted from the capital, it said.
The country’s meteorological department has warned of more rain in the Peninsula Malaysia, with rain and storms expected in several states on Tuesday.
Meanwhile, Prime Minister Ismail Sabri Yaakob said in a statement that more resources including personnel and equipment are being deployed to aid with evacuation and flood relief.
He also sought to calm the public, with many still being trapped in areas that are still flooded in parts of the country.
“I completely understand the public’s concern about the safety of those stranded by floods and as I have stressed before, rescue efforts are being intensified and rescue operations are being carried out nonstop,” he said. Enditem
1- Flood victims wade through a flooded road in Shah Alam, Selangor, Malaysia, Dec. 20, 2021. Eight people have been reported dead due to severe flooding in Malaysia as of Monday, authorities in Selangor state said. (Photo by Chong Voon Chung/Xinhua)
2- Rescuers evacuate a flood victim in Shah Alam, Selangor, Malaysia, Dec. 20, 2021. Eight people have been reported dead due to severe flooding in Malaysia as of Monday, authorities in Selangor state said. (Photo by Chong Voon Chung/Xinhua)
3- Rescuers evacuate flood victims in Shah Alam, Selangor, Malaysia, Dec. 20, 2021. Eight people have been reported dead due to severe flooding in Malaysia as of Monday, authorities in Selangor state said. (Photo by Chong Voon Chung/Xinhua)
4- Flood victims wade through a flooded road in Shah Alam, Selangor, Malaysia, Dec. 20, 2021. Eight people have been reported dead due to severe flooding in Malaysia as of Monday, authorities in Selangor state said. (Photo by Chong Voon Chung/Xinhua)
5- Rescuers evacuate flood victims in Shah Alam, Selangor, Malaysia, Dec. 20, 2021. Eight people have been reported dead due to severe flooding in Malaysia as of Monday, authorities in Selangor state said. (Photo by Chong Voon Chung/Xinhua)
6- A flood victim wades through a flooded road in Shah Alam, Selangor, Malaysia, Dec. 20, 2021. Eight people have been reported dead due to severe flooding in Malaysia as of Monday, authorities in Selangor state said. (Photo by Chong Voon Chung/Xinhua)
7- Rescuers evacuate flood victims in Shah Alam, Selangor, Malaysia, Dec. 20, 2021. Eight people have been reported dead due to severe flooding in Malaysia as of Monday, authorities in Selangor state said. (Photo by Chong Voon Chung/Xinhua)
8- Rescuers evacuate flood victims in Shah Alam, Selangor, Malaysia, Dec. 20, 2021. Eight people have been reported dead due to severe flooding in Malaysia as of Monday, authorities in Selangor state said. (Photo by Chong Voon Chung/Xinhua)
9- Photo taken on Dec. 20, 2021 shows a flooded residential area in Shah Alam, Selangor, Malaysia. Eight people have been reported dead due to severe flooding in Malaysia as of Monday, authorities in Selangor state said. (Photo by Chong Voon Chung/Xinhua)
10- Rescuers evacuate flood victims in Shah Alam, Selangor, Malaysia, Dec. 20, 2021. Eight people have been reported dead due to severe flooding in Malaysia as of Monday, authorities in Selangor state said. (Photo by Chong Voon Chung/Xinhua)
11 – Photo taken on Dec. 20, 2021 shows a flooded residential area in Shah Alam, Selangor, Malaysia. Eight people have been reported dead due to severe flooding in Malaysia as of Monday, authorities in Selangor state said. (Photo by Chong Voon Chung/Xinhua)