Connect with us

Europe

ရုရှားနိုင်ငံက ဆတူလက်တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် ဂျာမနီသံတမန် နှစ်ဦးအား နှင်ထုတ်

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော် နှင့် Saint Basil ဘုရားကျောင်းအား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသည် လက်တုံ့ပြန်ဆောင်ရွက်မှုတစ်ခုအနေဖြင့် ရုရှားနိုင်ငံရှိ ဂျာမနီနိုင်ငံသံရုံးမှ ဝန်ထမ်းနှစ်ဦးအား နှင်ထုတ်ခြင်းကို ဒီဇင်ဘာ ၂၀ ရက်တွင် ကြေညာခဲ့သည်။
ဝန်ကြီးဌာနသည် ရုရှားနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ် Geza Andreas von Geyr အား ဆင့်ခေါ်ကာ သံရုံး၌ အလုပ်လုပ်ကိုင်နေသည့် ဝန်ထမ်းနှစ်ဦးအား “မကြိုဆိုထိုက်သူ” အဖြစ် ကြေညာရန် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ အသိပေးပြောကြားခဲ့သည်။

ဂျော်ဂျီယာနိုင်ငံသား Zelimkhan Khangoshvili ကို သတ်ဖြတ်မှုဖြင့် ရုရှားနိုင်ငံသား V.A. Sokolov အား ဘာလင်တရားရုံးချုပ်က “ တရားမျှတမှုမရှိ ၊ ဘက်လိုက်မှု” အပေါ်အခြေခံကာ စီရင်ချက်ချခဲ့ပြီး ဂျာမနီနိုင်ငံမှ ရုရှားသံတမန် နှစ်ဦးအား နှင်ထုတ်ရန် ဂျာမနီနိုင်ငံ၏ ရန်လိုသည့်ဆုံးဖြတ်ချက်ကို တုံ့ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံက ဆတူ ပြန်လည်လက်တုံ့ပြန်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ရုရှားနိုင်ငံ၏ နိုင်ငံတော်အဆင့်တာဝန်ရှိသူများက ရာဇဝတ်မှုများတွင် ပါဝင်နေသည်ဟူသော အခြေအမြစ်မရှိသည့် စွပ်စွဲပြောဆိုချက်အား အခိုင်အမာ ပယ်ချကြောင်း ပြောကြားခဲ့ပြီး ဂျာမနီနိုင်ငံမှ နောက်ထပ်ထိပ်တိုက်ရင်ဆိုင်လှုပ်ရှားမှုမှန်သမျှအား အချိုးကျကျတုံ့ပြန်သွားမည် ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

——————————-
(English Version)
Russia expels 2 German diplomats in tit-for-tat move
MOSCOW, Dec. 20 (Xinhua) — The Russian Foreign Ministry on Monday announced the expulsion of two employees at the German Embassy in Russia in a retaliatory move.
The ministry summoned German Ambassador to Russia Geza Andreas von Geyr and informed him about the decision to declare two employees working at the embassy “personae non gratae.”
This move was Russia’s “symmetrical response” to Germany’s hostile decision to expel two Russian diplomats from Germany on the basis of an “unfair and biased” Berlin high court ruling where Russian citizen V.A. Sokolov was convicted of murdering Georgian national Zelimkhan Khangoshvili.
Besides, the ministry said it strongly rejected the unfounded accusations claiming “Russia’s state structures” were involved in the crime, adding that it would respond proportionately to any future confrontational activity from Berlin. Enditem
Photo – Photo taken on Dec. 2, 2020 shows the Saint Basil’s Cathedral and the Kremlin in Moscow, capital of Russia. (Xinhua/Bai Xueqi)