Asia
မလေးရှားနိုင်ငံ၌ ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူအရေအတွက် ၃၃ ဦးထိ မြင့်တက်
ကွာလာလမ်ပူ ၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ)
မလေးရှားနိုင်ငံ၌ ဆိုးရွားသောရေကြီးရေလျှံမှုများကြောင့် သေဆုံးသူအရေအတွက်သည် ဒီဇင်ဘာ ၂၂ ရက်အထိ ၃၃ ဦးထိ မြင့်တက်လာခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဆီလန်ဂေါပြည်နယ်၌ သေဆုံးသူအရေအတွက်သည် ၂၅ ဦးထိ ရှိခဲ့ပြီး ပါဟန်ပြည်နယ်၌ ၉ ဦး သေဆုံးခဲ့ကြောင်း ဆီလန်ဂေါပြည်နယ် ရဲမှူး Arjunaidi Mohamed ၏ ပြောကြားချက်ကို နိုင်ငံပိုင် Bernama သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
သေဆုံးသူအများအပြားကို လူနေအိမ်များအတွင်း တွေ့ရှိခဲ့ရပြီး ရေပြန်လည်ကျဆင်းသွားသည်နှင့်အမျှ အခြားသူများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
မလေးရှားနိုင်ငံ၌ ရေကြီးမှုကြောင့် ပြောင်းရွှေ့ခဲ့ရသည့်လူဦးရေသည် ဒီဇင်ဘာ ၂၂ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီအထိ ပြည်နယ် ၆ ခုအပြင် ကွာလာလမ်ပူမြို့တို့၌ ၆၂,၃၇၂ ဦးအထိ လျော့ကျသွားခဲ့ကြောင်း မလေးရှားလူမှုဖူလုံရေးဌာနထံမှ သိရသည်။
မလေးရှားနိုင်ငံကျွန်းဆွယ် အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက် ပါဟန်ပြည်နယ်သည် အဆိုးရွားဆုံး ထိခိုက်ခံစားရသည့် ပြည်နယ်အဖြစ် ကျန်ရှိနေပြီး ရေဘေးကယ်ဆယ်ရေးစင်တာများသို့ လူပေါင်း ၃၇,၀၀၀ ကျော်အား ရွှေ့ပြောင်းပေးခဲ့ရသည်။ယင်းနောက်တွင် ဆီလန်ဂေါပြည်နယ်သည် အဆိုးရွားဆုံးခံစားခဲ့ရသည့် ပြည်နယ်တစ်ခုဖြစ်ပြီး လူပေါင်း ၂၂,၀၀၀ ကျော် ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။
ဒီဇင်ဘာ ၂၃ ရက်တွင် ပြည်နယ်အချို့၌ မိုးရွာသွန်းမှု နှင့် မုန်တိုင်းများ ကျရောက်နိုင်ကြောင်း နှင့် မလေးရှားကျွန်းဆွယ်၌ မိုးပိုမိုရွာသွန်းနိုင်ကြောင်း မလေးရှားနိုင်ငံ မိုးလေဝသဌာနက သတိပေးခဲ့ကြောင်း သိရသည်။ (Xinhua)
——————————
(English Version)
Death toll from floods in Malaysia rises to 33
KUALA LUMPUR, Dec. 22 (Xinhua) — The death toll from the massive floods in Malaysia has risen to 33 as of Wednesday, authorities said.
Selangor police chief Arjunaidi Mohamed said the death toll in the state has risen to 24, while another nine were confirmed dead in Pahang state, according to state news agency Bernama.
A number of the victims had been found in houses, while others were discovered as the floodwaters began receding.
The number of displaced persons due to flooding in Malaysia has dropped to some 62,372 in six states plus the Federal Territory of Kuala Lumpur as of 10:00 p.m. local time Wednesday, according to data from the Malaysian social welfare department.
The worst-hit state remains Pahang along the east coast of Peninsula Malaysia, with over 37,000 people being evacuated to flood relief centers, followed by Selangor state with over 22,000 evacuated.
The country’s meteorological department has warned of more rain in the Peninsula Malaysia, with rain and storms expected in several states on Thursday. Enditem
Photo – Rescuers evacuate flood victims in Shah Alam, Selangor, Malaysia, Dec. 20, 2021. Eight people have been reported dead due to severe flooding in Malaysia as of Monday, authorities in Selangor state said. (Photo by Chong Voon Chung/Xinhua)