Connect with us

CHINA

အိန္ဒိယနိုင်ငံတွင် တွေ့ရှိသည့် ဗိုင်းရပ်စ် မျိုးကွဲအား တိုက်ဖျက်ရန် တရုတ်ကာကွယ်ဆေးများကထိရောက်ဟုဆို

ဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ဦးက ၂၀၂၁ ခုနှစ်မတ်၂၄ ရက်တွင် တရုတ်နိုင်ငံပေကျင်းမြို့ရှိ Beihang တက္ကသိုလ်၌ COVID-19 ကာကွယ်ဆေးထိုးနှံပေးရန်ပြင်ဆင်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ)

အိန္ဒိယတွင်မကြာသေးမီကတွေ့ရှိခဲ့သော coronavirus ဗိုင်းရပ်စ်မျိုးဗီဇကွဲ အား တိုက်ဖျက်ရန် တရုတ်နိုင်ငံတွင်လက်ရှိအသုံးပြုနေသော COVID-19 ကာကွယ်ဆေးများသည် ထိရောက်မှုရှိကြောင်းပဏာမလေ့လာမှုများကသက်သေပြခဲ့သည်ဟု တရုတ်ကျန်းမာရေးကျွမ်းကျင်သူတစ်ဦး က မေ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင်တွေ့ရှိရသော coronavirus မျိုးကွဲအား တရုတ်နိုင်ငံမှ အထူးဂရုပြလျက်ရှိကြောင်းနှင့် သုတေသနပြုလုပ်ခြင်းနှင့် အချက်အလက်စုဆောင်းခြင်းတို့အား ဆောင်ရွက်လျက်ရှိကြောင်း တရုတ်နိုင်ငံ ရောဂါရှာဖွေရေးနှင့် ထိန်းချုပ်ရေး ကျွမ်းကျင်သူ Shao Yiming က ပေကျင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

ဗိုင်းရပ်စ်သည်ဆင့်ကဲပြောင်းလဲမှု ဖြစ်ပေါ်နေသောကြောင့်အပြောင်းအလဲများပိုမို ဖြစ်ပေါ်လာလိမ့်မည်ဟု Shao က ပြောကြားခဲ့သည်။

လက်ရှိကာကွယ်ဆေးများသည် COVID-19 မျိုးကွဲသစ်များအတွက် ထိရောက်မှုမရှိတော့ပါက တရုတ်နိုင်ငံမှ ထပ်မံပြင်ဆင်မွမ်းမံရန် မလိုအပ်သည့် နည်းပညာဖြင့်ထုတ်လုပ်ထားသော ကာကွယ်ဆေးများက မြန်ဆန်စွာဖြေရှင်းပေးလိမ့်မည်ဖြစ်ကြောင်း Shao က ဖြည့်စွက်ပြောကြားသည်။

လက်ရှိ ကာကွယ်ဆေးများသည် ဗိုင်းရပ်စ် မျိုးကွဲသစ် အပေါ် ထိရောက်မှု မရှိတော့ပါက တရုတ်နိုင်ငံအနေဖြင့် အာနိသင်ပြည့်ဝသော ကာကွယ်ဆေး ပုံစံသစ် ထုတ်လုပ်နိုင်ရန် ပြင်ဆင်ထားကြောင်း ၎င်းကဆိုသည်။  (Xinhua)

…………………………………………
(English Version)
Chinese vaccines effective against coronavirus variant found in India: expert
BEIJING, May 20 (Xinhua) — A Chinese health expert on Thursday said that preliminary studies had proved the COVID-19 vaccines currently in use in China are effective against the coronavirus variant recently detected in India.
China has been paying close attention to the emerging variant of the coronavirus found in India, and is conducting research and accumulating data, Chinese Center for Disease Control and Prevention expert Shao Yiming told a press conference in Beijing.
The virus will continue mutating, therefore more changes will appear, said Shao.
Once the current vaccines become ineffective against new COVID-19 strains, the inactivated vaccines developed by China will offer a quick solution as their production techniques will need no adjustment, Shao added.
He said that China is capable of putting new, effective vaccines into use if new variants render current vaccines ineffective. Enditem