Connect with us

News

ဂါဇာကမ်းမြောင်တစ်လျှောက် အဆင့်မြင့်နည်းပညာသုံးအတားအဆီးများတည်ဆောက်မှု ပြီးစီးကြောင်းအစ္စရေးကြေညာ

ဂျေရုဆလင်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံက စစ်သွေးကြွများနိုင်ငံအတွင်းသို့ဝင်ရောက်မှုအားတားဆီးရန်ရည်ရွယ်ကာ အဆင့်မြင့်နည်းပညာသုံးမြေအောက် နံရံတစ်ခုကို ဂါဇာကမ်းမြောင်တစ်လျှောက်တွင်တည်ဆောက်ထားမှု ပြီးစီးပြီဖြစ်ကြောင်း ဒီဇင်ဘာ ၇ ရက် က ကြေညာခဲ့သည်။

အတားအဆီးနံရံတွင် ကင်မရာအလုံးပေါင်း ၁၀၀ကျော်၊ ရေဒါများနှင့် အခြားဆင်ဆာများပါဝင်ပြီး ကွပ်ကဲမှုစင်တာများနှင့် ထိန်းချုပ်ခန်းများကိုပါထည့်သွင်းတည်ဆောက်ထားခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုတွင်ဖော်ပြထားသည်။

၎င်းတွင် ရေကြောင်းမှဝင်ရောက်မှုကို ထောက်လှမ်းနိုင်သည့် အကာအကွယ်များကိုလည်းတပ်ဆင်ထားပြီး ရေကြောင်းအတားအဆီးတစ်ခုနှင့် အဝေးထိန်းလက်နက်စနစ်တို့လည်း ပါဝင်သည်။ ယင်းအတားအဆီးသည် အရှည် ၆၅ ကီလိုမီတာ နှင့် သံမဏိ အလေးချိန် ၁၄၀,၀၀၀ တန် အသုံးပြုထားကြောင်း သိရသည်။

အဆိုပါအတားအဆီးကို အချိန် ၃ နှစ်ခွဲခန့်တည်ဆောက်ခဲ့ရကြောင်းသိရသည်။ထိုအတားအဆီးမှာ တီထွင်ဆန်းသစ်မှုနှင့်နည်းပညာအဆင့်မြင့်စီမံကိန်းတစ်ခုဖြစ်ပြီး ဟားမက်စ်တို့အားတားဆီးရန် တီထွင်နိုင်စွမ်းများထဲမှတစ်ခု ထွက်ပေါ်လာခြင်းဖြစ်ကြောင်းအစ္စရေးကာကွယ်ရေးဝန်ကြီး Benny Gantz က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

……………………
(English Version)

Israel announces completion of high-tech barrier around Gaza

JERUSALEM, Dec. 7 (Xinhua) — Israel announced on Tuesday the completion of a high-tech underground wall around the Gaza Strip aimed at preventing militants from entering the country.

The barrier includes hundreds of cameras, radars and other sensors, command centers and control rooms, the defense ministry said in a statement.

It also includes a maritime barrier equipped with means to detect infiltrations at sea and a remote-controlled weapon system. The barrier spans over 65 km and more than 140,000 tons of iron and steel were used in its construction.Its construction lasted about three and a half years.

“The barrier, which is an innovative and technologically advanced project, deprives Hamas of one of the capabilities it tried to develop,” Israeli Defense Minister Benny Gantz said in the statement.
According to Gantz, the barrier will provide Israeli citizens “a sense of security.” ■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.