Connect with us

News

စမတ်နည်းပညာသုံး အမှိုက်အမျိုးအစားခွဲစက်များအား တရုတ်နိုင်ငံတွင် စတင်အသုံးပြု

စီချွမ်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် Longmatan ခရိုင်ရှိ Luzhou မြို့တွင် ဒေသခံများအတွက် အမှိုက်အမျိုးအစားခွဲစက်များကို တပ်ဆင်ထားကြောင်းသိရသည်။၎င်းစက်များတွင် အမှိုက်များကို အမျိုးအစားခွဲခြင်း၊ ပြန်လည် အသုံးပြုနိုင်သည့်အမှိုက်များကို သိမ်းဆည်းခြင်းနှင့်အတူ လက်ဆောင်လဲလှယ်ပေးခြင်းစသည့် စက်များပါဝင်သည်။

ဒေသခံများအနေဖြင့် ၎င်းတို့၏ အမှိုက်များကို ပြန်လည်အသုံးပြုနိုင်သည့်အမှိုက်များ၊ အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ၊ အစားအသောက်အကြွင်းအကျန်များနှင့် အခြားအမျိုးအစားအမှိုက်များစသဖြင့် အမျိုးအစားခွဲကာစွန့်ပစ်နိုင်ရန် စီစဉ်ပေးထားခြင်းဖြစ်ကြောင်းသိရသည်။

ဒေသခံများသည် စက်များတွင်ပါရှိသည့် QR code များကို မိမိတို့၏ ဖုန်းများဖြင့် scan ဖတ်ကာ စွန့်ပစ်မည့် အမှိုက်၏ အလေးချိန်ကို တိုင်းတာသိရှိနိုင်သည်။ထို့နောက် အမှိုက်များအားခွဲခြား စွန့်ပစ်ခြင်းကြောင့် လက်ဆောင်အဖြစ် အစိမ်းရောင်အမှတ်များပြန်လည်ရရှိမည်ဖြစ်ပြီး ထိုအမှတ်များအလိုက် လက်ဆောင်များကို ထုတ်ယူနိုင်မည်ဖြစ်သည်။

ဒေသခံတစ်ဦးက “ သိပ်အဆင်ပြေပါတယ် ကျွန်တော်ဒီမှာ အမှိုက်တွေနဲ့ မလိုတော့တဲ့ ပစ္စည်းတွေ လာပစ်တာပါ ပြီးတော့ မီးဖိုချောင်က မလိုအပ်တာတွေလာပစ်တိုင်းအမှတ်တွေ ရပါတယ် ဒါက တကယ်ပဲ အဆင်ပြေပြီးတော့ ကျန်းမာရေးနဲ့လည်း ညီညွတ်မှုရှိပါတယ်” ဟု ဆိုသည်။

၎င်းစက်များမှာ အသုံးပြုရလွယ်ကူပြီး အသက်ကြီးပိုင်း ဒေသခံများအတွက် လည်း အမှိုက်အမျိုးအစားခွဲခြားခြင်းအတွက် အတွေ့အကြုံအသစ်များကိုပေးစွမ်းနိုင်သည်။ဒေသခံတစ်ဦး “ အမှိုက်ပစ်ရတာ သိပ်အဆင်ပြေပါတယ် အထူးသဖြင့် ကျွန်မတို့လို အသက်ကြီးပိုင်းတွေအတွက်ရောပေါ့ ဒီလိုပဲ ကတ်လေးကို ဒီလို ပြလိုက်ပြီးတော့ အမှိုက်ကိုအထဲထည့်လိုက်ရုံပါပဲ” ဟု ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.